|
| 1 |
|
| ဗာရှာမင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟာနနိ၏သားယေဟုထံသို့ ရောက်လာသည်မှာ |
|
| 2 |
|
| “ငါသည် သင့်ကို မြေမှုန့်ထဲမှဆွဲထူ၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေခဲ့၏။ သို့သော် သင်သည် ယေရောဗောင်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၍ ငါ့လူမျိုးတော်အစ္စရေးတို့ကို လမ်းမှားစေပြီး သူတို့ပြုမိသောအပြစ်များသည် ငါ့ကိုအမျက်ထွက်စေ၏။ |
|
| 3 |
|
| ကြည့်ရှုလော့။ ငါသည် ဗာရှာနှင့်သူ့အမျိုးအနွယ်ကို သုတ်သင်ပယ်ရှင်းပစ်မည်။ သူ့အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်။ |
|
| 4 |
|
| ဗာရှာ၏အမျိုးတို့သည် မြို့ထဲ၌သေလျှင် ခွေးတို့စားလိမ့်မည်။ မြို့ပြင်တွင်သေလျှင် မိုးကောင်းကင်ငှက်တို့စားလိမ့်မည်”ဟု မိန့်ဆို၏။ |
|
| 5 |
|
| ကျန်ရှိနေသော ဗာရှာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 6 |
|
| ဗာရှာမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ တိရဇာမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ဧလာသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 7 |
|
| ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။ |
|
| 8 |
|
| ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းကြီး၏သားတော်ဧလာ နန်းတက်၍ တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်နှစ်အုပ်စိုး၏။ |
|
| 9 |
|
| သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ် |
|
| 10 |
|
| ဇိမရိဝင်လာ၍ ဧလာမင်းကြီးကို တိုက်ခိုက်သတ်ဖြတ်လိုက်၏။ ထို့ကြောင့် ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် ဧလာမင်းကြီး၏အရိုက်အရာကို ဆက်ခံလေ၏။ |
|
| 11 |
|
| သူသည် ထီးနန်းရ၍ ရာဇပလ္လင်ပေါ်စံမြန်းသည်နှင့် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးနှင့်တကွ သူ၏ဆွေမျိုးများ၊ မိတ်ဆွေများထဲမှ ယောက်ျားတစ်ယောက်ကိုမျှ မချန်ထားဘဲ သုတ်သင်ပစ်၏။ |
|
| 12 |
|
| ထိုသို့ ဗာရှာမင်းကြီးနှင့်ပတ်သက်၍ ပရောဖက်ယေဟုဆင့်ဆိုသော ထာဝရဘုရား၏နှုတ်တော်ထွက်အတိုင်း ဇိမရိသည် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။ |
|
| 13 |
|
| ဗာရှာမင်းကြီးနှင့်သားတော်ဧလာမင်းကြီးတို့ ပြုသမျှသောအပြစ်ကြောင့် ဤသို့ဖြစ်ရလေပြီ။ သူတို့သည် ကိုယ်တိုင်အပြစ်ပြုရုံသာမက အစ္စရေးလူမျိုးတို့ကိုလည်း အပြစ်ပြုစေပြီး အချည်းနှီးသောအရာများဖြင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။ |
|
| 14 |
|
| ကျန်ရှိနေသော ဧလာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 15 |
|
| ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိသည် တိရဇာမြို့၌ ခုနစ်ရက်စိုးစံ၏။ ထိုအချိန်၌ စစ်သည်တို့သည် ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့နား၌ စခန်းချလျက်နေ၏။ |
|
| 16 |
|
| “ဇိမရိသည် ရှင်ဘုရင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီ”ဟူသောသတင်းကို စခန်းချထားသောစစ်သည်တို့ကြားလျှင် ထိုနေ့၊ ထိုစခန်းတွင်ပင် အစ္စရေးစစ်ဗိုလ်ချုပ်ဩမရိကို အစ္စရေးလူမျိုးအပေါင်းတို့၏ဘုရင်အဖြစ် မင်းမြှောက်လိုက်ကြ၏။ |
|
| 17 |
|
| ထိုအခါ ဩမရိသည် သူ၌ပါလာသောအစ္စရေးစစ်သည်အပေါင်းတို့နှင့်အတူ ဂိဗ္ဗသုန်မြို့မှ တိရဇာမြို့သို့ ချီသွားပြီး မြို့ကိုဝိုင်းထားကြ၏။ |
|
| 18 |
|
| တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။ |
|
| 19 |
|
| ဤသည်ကား သူသည် အစ္စရေးလူမျိုးတို့အား လမ်းမှားစေသည့်အပြစ်များကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်သောလမ်းအတိုင်း လိုက်လျှောက်လျက် ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုများကိုပြု၍ ပြစ်မှားသောအပြစ်များကြောင့်ဖြစ်၏။ |
|
| 20 |
|
| ကျန်ရှိနေသော ဇိမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏လျှို့ဝှက်ပုန်ကန်မှုအကြောင်းများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 21 |
|
| ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။ |
|
| 22 |
|
| ဩမရိနောက်သို့လိုက်သောသူတို့သည် ဂိနတ်၏သားတိဗနိနောက်သို့လိုက်သောသူတို့ထက် ပို၍အင်အားကြီး၏။ တိဗနိသေ၍ ဩမရိနန်းတက်၏။ |
|
| 23 |
|
| ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်တစ်နှစ်တွင် ဩမရိနန်းတက်၍ အစ္စရေးပြည်တွင် တစ်ဆယ့်နှစ်နှစ်၊ တိရဇာမြို့တွင် ခြောက်နှစ် စိုးစံ၏။ |
|
| 24 |
|
| ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန် နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။ |
|
| 25 |
|
| ဩမရိမင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုရာတွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် သာ၍ဆိုးညစ်၏။ |
|
| 26 |
|
| သူသည် နေဗတ်၏သားယေရောဗောင်မင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်ခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ပြုမိရာရောက်စေပြီး အချည်းနှီးသောအရာများဖြင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။ |
|
| 27 |
|
| ကျန်ရှိနေသော ဩမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ |
|
| 28 |
|
| ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 29 |
|
| ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။ |
|
| 30 |
|
| ဩမရိမင်းကြီး၏သားတော်အာဟပ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် မကောင်းမှုကိုသာ၍ပြု၏။ |
|
| 31 |
|
| နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။ |
|
| 32 |
|
| ရှမာရိမြို့၌တည်ထားသောဗာလဘုရားဝတ်ကျောင်းတွင် ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်၏။ |
|
| 33 |
|
| အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။ |
|
| 34 |
|
| အာဟပ်မင်းကြီးလက်ထက်တွင် ဗေသလမြို့သား ဟိဧလသည် ဂျေရိခေါမြို့ကို ပြန်လည်တည်ဆောက်၏။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း မြို့တော်အုတ်မြစ်ချချိန်တွင် သားဦးအဘိရံကို စတေးခဲ့ရပြီး မြို့တံခါးတည်ဆောက်ချိန်တွင် သားထွေးစေဂုပ်ကို စတေးခဲ့ရ၏။ |
|
|
|
|