|
| 1 |
|
| အာဒံ၊ ရှေသ၊ ဧနုတ်၊ |
|
| 2 |
|
| ကာဣနန်၊ မဟာလေလ၊ ယာရက်၊ |
|
| 3 |
|
| ဧနောက်၊ မသုရှလ၊ လာမက်၊ |
|
| 4 |
|
| နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်။ |
|
| 5 |
|
| ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်နှင့်တိရတ် တို့ဖြစ်ကြ၏။ |
|
| 6 |
|
| ဂေါမာ၏သားများမှာ အာရှကေနတ်၊ ရိဖတ် နှင့်တောဂါမ တို့ဖြစ်ကြ၏။ |
|
| 7 |
|
| ယာဝန်၏သားများမှာ ဧလိရှာ၊ တာရှု၊ ခိတ္တိမ်နှင့်ရောဒနိမ် တို့ဖြစ်ကြ၏။ |
|
| 8 |
|
| ဟာမ၏သားများမှာ ကုရှ၊ မိဇရိမ် ၊ ဖုတနှင့်ခါနာန် တို့ဖြစ်ကြ၏။ |
|
| 9 |
|
| ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘနှင့်ဒေဒန် တို့ဖြစ်ကြ၏။ |
|
| 10 |
|
| ကုရှသည် သားနိမ်ရောဒကိုရ၏။ နိမ်ရောဒသည် မြေကြီးပေါ်တွင် အဦးဆုံးပေါ်ထွန်းသော လူစွမ်းကောင်းဖြစ်၏။ |
|
| 11 |
|
| မိဇရိမ် မှ လုဒိမ်လူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ်လူမျိုး၊ နတ္တုဟိမ်လူမျိုး၊ |
|
| 12 |
|
| ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးတို့ ဆင်းသက်လာ၏။ ကာသလုဟိမ်မှ ဖိလိတ္တိလူမျိုး ဆင်းသက်လာ၏။ |
|
| 13 |
|
| ခါနာန်၏သားဦးကား ဆီဒုန် ဖြစ်၏။ ဆီဒုန်မှ ဟေသလူမျိုး၊ |
|
| 14 |
|
| ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ |
|
| 15 |
|
| ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊ |
|
| 16 |
|
| အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့ဆင်းသက်လာ၏။ |
|
| 17 |
|
| ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာနှင့် မေရှက် တို့ဖြစ်ကြ၏။ |
|
| 18 |
|
| အာဖာဇဒ်၏သားမှာ ရှာလ၊ ရှာလ၏သားမှာ ဧဗာ ဖြစ်၏။ |
|
| 19 |
|
| ဧဗာသည် သားနှစ်ယောက်ကို ရ၏။ တစ်ယောက်မှာ ထိုခေတ်ကမြေကြီးကို ခွဲဝေယူသည်ကို အကြောင်းပြု၍ သူ့ကို ဖာလက် ဟုခေါ်၏။ ကျန်တစ်ယောက်၏အမည်မှာ ယုတ္တန် ဖြစ်၏။ |
|
| 20 |
|
| ယုတ္တန်သည် သားအာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊ |
|
| 21 |
|
| ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ |
|
| 22 |
|
| ဧဗလ၊ အဘိမေလ၊ ရှေဘ၊ |
|
| 23 |
|
| ဩဖိရ၊ ဟဝိလနှင့် ယောဗပ် တို့ကိုရ၏။ သူတို့သည် ယုတ္တန်၏သားများ ဖြစ်ကြ၏။ |
|
| 24 |
|
| ရှေမ၊ အာဖာဇဒ်၊ ရှာလ၊ |
|
| 25 |
|
| ဧဗာ၊ ဖာလက်၊ ရီဦး၊ |
|
| 26 |
|
| စေရောက်၊ နာခေါ်၊ တေရ၊ |
|
| 27 |
|
| အာဗြံ ဟုခေါ်သော အာဗြဟံ။ |
|
| 28 |
|
| အာဗြဟံ၏သားများမှာ ဣဇက်၊ ဣရှမေလ တို့ဖြစ်ကြ၏။ |
|
| 29 |
|
| သူတို့၏သားစဉ်မြေးဆက်များမှာ ဣရှမေလ၏သားဦး နဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ |
|
| 30 |
|
| မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒဒ် ၊ တေမ၊ |
|
| 31 |
|
| ယေတုရ၊ နာဖိရှ၊ ကေဒမာ တို့ဖြစ်ကြ၏။ သူတို့သည် ဣရှမေလ၏သားများ ဖြစ်ကြ၏။ |
|
| 32 |
|
| အာဗြဟံ၏မယားငယ် ကေတုရမွေးဖွားသောသားများမှာ ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ ဖြစ်ကြ၏။ ယုတ်ရှန်သားများမှာ ရှေဘနှင့် ဒေဒန် တို့ဖြစ်ကြ၏။ |
|
| 33 |
|
| မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါ တို့ဖြစ်ကြ၏။ သူတို့အားလုံးသည် ကေတုရ၏သားမြေးများ ဖြစ်ကြ၏။ |
|
| 34 |
|
| အာဗြဟံသည် သားဣဇက်ကို ရ၏။ ဣဇက်၏သားများမှာ ဧသောနှင့် အစ္စရေး တို့ဖြစ်ကြ၏။ |
|
| 35 |
|
| ဧသော၏သားများမှာ ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံနှင့်ကောရ တို့ဖြစ်ကြ၏။ |
|
| 36 |
|
| ဧလိဖတ်၏သားများမှာ တေမန်၊ ဩမရ၊ ဇေဖိ ၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက် တို့ဖြစ်ကြ၏။ |
|
| 37 |
|
| ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇ တို့ဖြစ်ကြ၏။ |
|
| 38 |
|
| စိရ၏သားများမှာ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန် တို့ဖြစ်ကြ၏။ |
|
| 39 |
|
| လောတန်၏သားများမှာ ဟောရိ၊ ဟောမံ တို့ဖြစ်ကြ၏။ လောတန်၏နှမမှာ တိမနဖြစ်၏။ |
|
| 40 |
|
| ရှောဗလ၏သားများမှာ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်ဩနံ တို့ဖြစ်ကြ၏။ ဇိဘောင်၏သားများမှာ အာယနှင့်အာန တို့ဖြစ်ကြ၏။ |
|
| 41 |
|
| အာန၏သားမှာ ဒိရှုန်၊ ဒိရှုန်၏သားများမှာ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် တို့ဖြစ်ကြ၏။ |
|
| 42 |
|
| ဧဇာ၏သားများမှာ ဗိလဟန်၊ ဇာဝန်နှင့်အာကန် တို့ဖြစ်ကြ၏။ ဒိရှုန်၏သားများမှာ ဥဇနှင့်အာရန် တို့ဖြစ်ကြ၏။ |
|
| 43 |
|
| အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင် မရှိမီ ဧဒုံပြည်ကို စိုးစံသောဘုရင်များမှာ ဤသူတို့တည်း။ ဗောရ၏သားဗေလသည် ဒိန္နာဗာအမည်ရှိသောမြို့တွင် နန်းထိုင်၏။ |
|
| 44 |
|
| ဗေလမင်းကြီး အနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သားယောဗပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 45 |
|
| ယောဗပ်မင်းကြီး အနိစ္စရောက်သောအခါ တေမန်အမျိုးသားဟုရှံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 46 |
|
| ဟုရှံမင်းကြီး အနိစ္စရောက်သောအခါ မောဘပြည်တွင် မိဒျန်လူမျိုးတို့ကို နှိမ်နင်းနိုင်ခဲ့သော ဗေဒဒ်၏သားဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ သူနန်းထိုင်သောမြို့၏အမည်မှာ အာဝိတ် ဖြစ်၏။ |
|
| 47 |
|
| ဟာဒဒ်မင်းကြီး အနိစ္စရောက်သောအခါ မာသရက်အရပ်သားစာမလသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 48 |
|
| စာမလမင်းကြီး အနိစ္စရောက်သောအခါ ယူဖရေးတီးမြစ် နားရှိ ရဟောဘုတ်အရပ်သားရှောလသည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 49 |
|
| ရှောလမင်းကြီး အနိစ္စရောက်သောအခါ အာခဗော်၏သားဗာလဟာနန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ |
|
| 50 |
|
| ဗာလဟာနန်မင်းကြီး အနိစ္စရောက်သောအခါ ဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ ဟာဒဒ်မင်းကြီးနန်းထိုင်သောမြို့၏အမည်မှာ ပေါ ဖြစ်၏။ သူ့မိဖုရားကား မာတရက်၏မြေး၊ မေဇဟပ်၏သမီး မဟေတဗေလ အမည်ရှိ၏။ |
|
| 51 |
|
| ဟာဒဒ်မင်းကြီး အနိစ္စရောက်ပြီးနောက်ပိုင်း ဧဒုံပြည်၏သူကြီးများမှာ သူကြီးတိမန၊ သူကြီးအာလဝ၊ သူကြီးယေသက်၊ |
|
| 52 |
|
| သူကြီးအဟောလိဗာမ၊ သူကြီးဧလာ၊ သူကြီးပိနုန်၊ |
|
| 53 |
|
| သူကြီးကေနတ်၊ သူကြီးတေမန်၊ သူကြီးမိဗဇာ၊ |
|
| 54 |
|
| သူကြီးမာဂဒေလ၊ သူကြီးဣရံ တို့ဖြစ်ကြ၏။ သူတို့သည် ဧဒုံပြည်၏သူကြီးများ ဖြစ်ကြ၏။ |
|
|
|
|