|
| 1 |
|
| နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။ |
|
| 2 |
|
| ပထမလတွင် တာဝန်ထမ်းဆောင်ရသောပထမတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ ဇာဗဒေလ၏သား ယာရှောဗံဖြစ်ပြီး သူ့တပ်ဖွဲ့တွင် လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။ |
|
| 3 |
|
| သူသည် ဖာရက်၏သားမြေးများမှဆင်းသက်လာ၏။ ပထမလတွင် တာဝန်ထမ်းဆောင်ရသောတပ်မှူးအားလုံး၏ခေါင်းဆောင်ဖြစ်၏။ |
|
| 4 |
|
| ဒုတိယလတွင် တာဝန်ထမ်းဆောင်ရသောတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ အဟောဟိအမျိုး ဒေါဒဲဖြစ်၏။ ထိုတပ်ဖွဲ့ကို မိကလုတ်က ဦးဆောင်ရပြီး လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 5 |
|
| တတိယလတွင် တာဝန်ထမ်းဆောင်ရသောတတိယတပ်ဖွဲ့၏တပ်မှူးမှာ ယဇ်ပုရောဟိတ်ယောယဒ၏သား ဗေနာယဖြစ်ပြီး သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 6 |
|
| ဗေနာယသည် စစ်သူရဲသုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး လူအယောက်သုံးဆယ်ကို အုပ်ချုပ်ရ၏။ သူ့တပ်ဖွဲ့ကို သူ့သား အမိဇဗဒ်က အုပ်ချုပ်၏။ |
|
| 7 |
|
| စတုတ္ထလတွင် တာဝန်ထမ်းဆောင်ရသောစတုတ္ထတပ်မှူးမှာ ယွာဘ၏ညီ အာသဟေလဖြစ်၏။ သူမရှိတော့သည့်နောက်တွင် သူ့သား ဇေဗဒိက ဆက်၍ တာဝန်ထမ်းဆောင်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 8 |
|
| ပဉ္စမလတွင် တာဝန်ထမ်းဆောင်ရသောပဉ္စမတပ်ဖွဲ့၏တပ်မှူးမှာ ဣဇဟာအမျိုးသား ရှံဟုတ်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 9 |
|
| ဆဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောဆဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ တေကောမြို့သား ဣကေရှ၏သား ဣရဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 10 |
|
| သတ္တမလတွင် တာဝန်ထမ်းဆောင်ရသောသတ္တမတပ်ဖွဲ့၏တပ်မှူးမှာ ဧဖရိမ်သားမြေးမှဆင်းသက်လာသော ပေလောမြို့သား ဟေလက်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 11 |
|
| အဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောအဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုးသား ဟုရှသိလူမျိုး သိဗေခဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 12 |
|
| နဝမလတွင် တာဝန်ထမ်းဆောင်ရသောနဝမတပ်ဖွဲ့၏တပ်မှူးမှာ ဗင်္ယာမိန်အမျိုး၊ အနေသောသိလူမျိုး အဗျေဇာဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 13 |
|
| ဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုး နေတောဖမြို့သား မဟာရဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 14 |
|
| ဧကာဒသမလတွင် တာဝန်ထမ်းဆောင်ရသောဧကာဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဧဖရိမ်သားမြေးထဲမှ ပိရသုန်မြို့သား ဗေနာယဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 15 |
|
| ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ |
|
| 16 |
|
| အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊ |
|
| 17 |
|
| လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊ |
|
| 18 |
|
| ယုဒအမျိုးတွင် ဒါဝိဒ်မင်းကြီး၏အစ်ကို ဧလိဟု၊ ဣသခါအမျိုးတွင် မိက္ခေလ၏သားဩမရိ၊ |
|
| 19 |
|
| ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သားယေရိမုတ်၊ |
|
| 20 |
|
| ဧဖရိမ်အမျိုးတွင် အာဇဇိ၏သားဟောရှေ၊ မနာရှေအမျိုးတစ်ဝက်တွင် ပေဒါယ၏သားယောလ၊ |
|
| 21 |
|
| ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊ |
|
| 22 |
|
| ဒန်အမျိုးတွင် ယေရောဟံ၏သားအာဇရေလ စသည်တို့ဖြစ်၏။ ဤသူတို့သည် အစ္စရေးအမျိုးအနွယ်၏အကြီးအကဲများ ဖြစ်ကြ၏။ |
|
| 23 |
|
| ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေမည်ဟု မိန့်ဆိုခဲ့သောကြောင့် ဒါဝိဒ်မင်းကြီးက အသက်နှစ်ဆယ်မပြည့်သောသူတို့ကို စာရင်းမသွင်းချေ။ |
|
| 24 |
|
| ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။ |
|
| 25 |
|
| အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။ |
|
| 26 |
|
| ခေလုပ်၏သားဧဇရိသည် လယ်ယာမြေ၌ထွန်ယက်လုပ်ကိုင်သောလယ်သမားများကို ကြီးကြပ်ပေးရ၏။ |
|
| 27 |
|
| ရာမမြို့သားရှိမိသည် စပျစ်ခြံများကို ကြီးကြပ်ပေးရ၏။ ရှိဖမိမြို့သားဇာဗဒိသည် စပျစ်ဝိုင်သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။ |
|
| 28 |
|
| ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။ |
|
| 29 |
|
| ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ |
|
| 30 |
|
| ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။ |
|
| 31 |
|
| ဟာဂရိလူမျိုးယာဇဇ်သည် သိုးများကို တာဝန်ယူရ၏။ ဤသူအားလုံးတို့သည် ဒါဝိဒ်မင်းကြီးပိုင်ဆိုင်သောဥစ္စာတို့ကို ကြီးကြပ်ပေးရသောအကြီးအကဲများ ဖြစ်ကြ၏။ |
|
| 32 |
|
| ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။ |
|
| 33 |
|
| အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိလူမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။ |
|
| 34 |
|
| အဟိသောဖေလ မရှိတော့သည့်နောက်တွင် ဗေနာယ၏သားယောယဒနှင့် အဗျာသာတို့သည် အတိုင်ပင်ခံအမတ်များဖြစ်လာကြ၏။ ယွာဘသည်လည်း ဘုရင့်တပ်တော်၏ဗိုလ်ချုပ်ဖြစ်၏။ |
|
|
|
|