|
| 1 |
|
| ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။- |
|
| 2 |
|
| ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။- |
|
| 3 |
|
| ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။- |
|
| 4 |
|
| ဤအမှုကိုအရှင်တာဝန်ယူဆောင်ရွက် တော်မူပါ။ အကျွန်ုပ်တို့သည်အရှင်အား ဝိုင်းဝန်းကူညီကြပါမည်။ သို့ဖြစ်၍ရဲရင့် စွာဆောင်ရွက်တော်မူပါ'' ဟုပြော၏။ |
|
| 5 |
|
| ထို့ကြောင့်ဧဇရသည်ယဇ်ပုရောဟိတ်တို့ ၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်တို့၏ ခေါင်းဆောင်များ၊ ပြည်သူတို့၏ခေါင်းဆောင် များအားရှေကနိပေးသည့်အကြံအတိုင်း ဆောင်ရွက်ပါမည်ဟူသောသစ္စာကတိကို ပြုစေ၏။- |
|
| 6 |
|
| ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။ |
|
| 7 |
|
| ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူခေါင်းဆောင်များ၏အမိန့်အရ ယေရုရှလင်မြို့သို့သုံးရက်အတွင်းလာ ရောက်စုရုံးကြရမည်ဖြစ်ကြောင်း၊ ယင်း သို့လာရောက်ရန်ပျက်ကွက်သူများသည် မိမိတို့တွင်ရှိသမျှသောဥစ္စာပစ္စည်းများ ကိုအသိမ်းခံရကာ ဣသရေလအမျိုး သားအသိုင်းအဝိုင်းမှထုတ်ပယ်ခြင်း ကိုခံကြရမည်ဖြစ်ကြောင်းကို ယေရု ရှလင်မြို့နှင့်ယုဒပြည်တစ်လျှောက်လုံး ၌ကြေညာကြ၏။- |
|
| 8 |
|
|
|
| 9 |
|
| ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။ |
|
| 10 |
|
| ယဇ်ပုရောဟိတ်ဧဇရသည်ထ၍ ထိုသူတို့ အားမိန့်ခွန်းမြွက်ကြား၏။ ဧဇရက``သင်တို့ သည်သစ္စာမဲ့ကြလေပြီ။ လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ကာ ဣသ ရေလအမျိုးအားအပြစ်သင့်စေကြ လေပြီ။- |
|
| 11 |
|
| သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။ |
|
| 12 |
|
| လူတို့ကလည်း``အရှင်အမိန့်ရှိသည့်အတိုင်း အကျွန်ုပ်တို့ပြုပါမည်'' ဟုပြန်လည်ဟစ် အော်ပြောဆိုကြ၏။- |
|
| 13 |
|
| သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။- |
|
| 14 |
|
| ထို့ကြောင့်အကျွန်ုပ်တို့၏အုပ်ချုပ်ရေးမှူး များသည် ယေရုရှလင်မြို့တွင်နေ၍ ဤ အမှုကိစ္စကိုတာဝန်ယူဆောင်ရွက်ကြ ပါစေ။ ထိုနောက်အကျွန်ုပ်တို့မြို့ရွာများ တွင် လူမျိုးခြားအမျိုးသမီးများနှင့် စုံဖက်နေထိုင်သူအပေါင်းတို့သည် မိမိ တို့မြို့ရွာခေါင်းဆောင်များ၊ တရားသူ ကြီးများနှင့်အတူချိန်းချက်သော အချိန်တွင်လာရောက်လျက် ဤအမှု နှင့်စပ်လျဉ်း၍ဘုရားသခင်၏အမျက် တော်ကိုပြေငြိမ်းအောင်ပြုကြပါစေ'' ဟုပြောကြားကြ၏။- |
|
| 15 |
|
| မေရှုလံနှင့်လေဝိအနွယ်ဝင်ရှဗ္ဗသဲတို့၏ ထောက်ခံမှုကိုရသော အာသဟေလ၏သား ယောနသန်နှင့်တိကဝ၏သားယဟာဇိ တို့ကလွဲ၍ အခြားအဘယ်သူမျှထို အကြံကိုမကန့်ကွက်ကြ။ |
|
| 16 |
|
| ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူတို့ သည် ထိုအကြံကိုသဘောတူလက်ခံကြ သဖြင့် ပုရောဟိတ်ဧဇရသည် သားချင်းစု ခေါင်းဆောင်များအနက်လူအချို့ကိုရွေး ချယ်ကာသူတို့၏အမည်များကိုမှတ်တမ်း တင်ထား၏။ ထိုသူတို့သည်လူမျိုးခြား အမျိုးသမီးများနှင့် အိမ်ထောင်ပြုသူတို့ ၏အမှုများကိုဒသမလတစ်ရက်နေ့ ၌စတင်၍ စုံစမ်းစစ်ဆေးကြရာသုံးလ အတွင်းပြီးဆုံးလေသည်။ |
|
| 17 |
|
|
|
| 18 |
|
| လူမျိုးခြားများနှင့်အိမ်ထောင်ကျသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ ယောရှုသားချင်းစုနှင့်သူ၏ညီများ။ ယောဇ ဒက်၏သားများဖြစ်ကြသောမာသေယ၊ ဧလျေဇာ၊ ယာရိပ်နှင့်ဂေဒလိ။- |
|
| 19 |
|
| သူတို့သည်မိမိတို့ဇနီးများနှင့်ကွာရှင်း ပါမည်ဟုကတိပြုကြပြီးလျှင် မိမိတို့ အပြစ်များအတွက်သိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။ |
|
| 20 |
|
| ဣမေရသားချင်းစုမှဟာနန်နှင့်ဇေဗဒိ။ |
|
| 21 |
|
| ဟာရိမ်သားချင်းစုမှ မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလနှင့်သြဇိ။ |
|
| 22 |
|
| ပါရှုရသားချင်းစု မှဧလိသြနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်နှင့်ဧလာသ။ |
|
| 23 |
|
| ယောဇဗဒ်၊ ရှိမိ၊ ကေလာယ (ခေါ်) ကေလိတ၊ ပေသာဟိ၊ ယုဒနှင့်ဧလျေဇာ။ |
|
| 24 |
|
| ဧလျာရှိပ်။ ရှလ္လုံ၊ တေလင်နှင့်ဥရိ။ |
|
| 25 |
|
| ပါရုတ်သားချင်းစုမှ ရာမိ၊ ယေဇိ၊ မာလခိယ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယနှင့်ဗေနာယ။ |
|
| 26 |
|
| ဧလံသားချင်းစုမှမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်နှင့်ဧလိယ၊ |
|
| 27 |
|
| ဇတ္တုသားချင်းစုမှဧလိသြနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်နှင့်အာဇိဇ။ |
|
| 28 |
|
| ဗေဗဲသားချင်းစုမှယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲနှင့် အာသလဲ။ |
|
| 29 |
|
| ဗာနိသားချင်းစုများမှမေရှုလ၊ မလ္လုတ်၊ အဒါသ၊ ယာရှုပ်၊ ရှာလနှင့်ရာမုတ်။ |
|
| 30 |
|
| ပါဟတ်မောဘသားချင်းစုမှ အဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ ၊မတ္တနိ၊ ဗေဇလေလ၊ ဗိနွိနှင့် မနာရှေ။ |
|
| 31 |
|
| ဟာရိမ်သားချင်းစုမှ ဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊- |
|
| 32 |
|
| ဗင်္ယာမိန်၊ မလ္လုတ်နှင့်ရှေမရိ။ |
|
| 33 |
|
| ဟာရှုံသားချင်းစုမှမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေနှင့်ရှိမိ။ |
|
| 34 |
|
| ဗာနိသားချင်းစုမှမာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲနှင့်ယာသော။ |
|
| 35 |
|
|
|
| 36 |
|
|
|
| 37 |
|
|
|
| 38 |
|
| ဗိနွိသားချင်းစုမှရှိမိ၊ ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊ အဇ ရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ နှင့်ယောသပ်။ |
|
| 39 |
|
|
|
| 40 |
|
|
|
| 41 |
|
|
|
| 42 |
|
|
|
| 43 |
|
| နေဗောသားချင်းစုမှ ယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလနှင့်ဗေနာယ။ |
|
| 44 |
|
| ဤသူအပေါင်းတို့သည် လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ကျသူများဖြစ် ကြ၏။ သူတို့သည်မိမိတို့ဇနီးများကို လည်းကောင်း၊ သူတို့နှင့်ရသောသားသမီး များကိုလည်းကောင်းစွန့်လိုက်ကြ၏။ ဧဇရမှတ်စာပြီး၏။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | | ၁၉ | | ၂၀ | | ၂၁ | | ၂၂ | | ၂၃ | | ၂၄ | | ၂၅ | | ၂၆ | | ၂၇ | | ၂၈ | | ၂၉ | | ၃၀ | | ၃၁ | | ၃၂ | | ၃၃ | | ၃၄ | | ၃၅ | | ၃၆ | | ၃၇ | | ၃၈ | | ၃၉ | | ၄၀ | | ၄၁ | | ၄၂ | | ၄၃ | | ၄၄ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesebcl/ezra/010.mp3
10
10