|
| 1 |
|
| ရှာလသေလ၏သား ဇေရုဗဗေလ၊ ယေရွှာတို့နှင့်အတူပြန်လိုက်လာသော ယဇ်ပုရောဟိတ်များနှင့်လေဝိအမျိုးများမှာ စရာယ၊ ယေရမိ၊ ဧဇရ၊ |
|
| 2 |
|
| အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊ |
|
| 3 |
|
| ရှေခနိ၊ ရေဟုံ၊ မေရမုတ်၊ |
|
| 4 |
|
| ဣဒေါ၊ ဂိန္နေသုန်၊ အဘိယ၊ |
|
| 5 |
|
| မိယာမိန်၊ မာဒိယ၊ ဗိလဂ၊ |
|
| 6 |
|
| ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊ |
|
| 7 |
|
| သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယ တို့ဖြစ်ကြ၏။ ဤသူတို့သည် ယေရွှာလက်ထက်၌ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် သူတို့၏ဆွေမျိုးသားချင်းများ ဖြစ်ကြ၏။ |
|
| 8 |
|
| လေဝိအမျိုးများတွင် ယေရွှာ၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ မတ္တနိတို့ ဖြစ်ကြ၏။ မတ္တနိသည် မိမိညီအစ်ကိုများနှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းကို ဦးဆောင်သူဖြစ်၏။ |
|
| 9 |
|
| သူတို့၏ညီအစ်ကို ဗာကဗုကိနှင့် ဥန္နိသည် သူတို့နှင့်မျက်နှာချင်းဆိုင်နေရာတွင် အမှုဆောင်ရ၏။ |
|
| 10 |
|
| ယေရွှာ၏သားမှာ ယောယကိမ်၊ ယောယကိမ်၏သားမှာ ဧလျာရှိပ်၊ ဧလျာရှိပ်၏သားမှာယောယဒ၊ |
|
| 11 |
|
| ယောယဒ၏သားမှာ ယောနသန်၊ ယောနသန်၏သားမှာ ယာဒွါ ဖြစ်၏။ |
|
| 12 |
|
| ယောယကိမ်လက်ထက်၌ အိမ်ထောင်စုအကြီးအမှူးယဇ်ပုရောဟိတ်များမှာ စရာယအမျိုးမှ မေရာယ၊ ယေရမိအမျိုးမှ ဟာနနိယ၊ |
|
| 13 |
|
| ဧဇရအမျိုးမှ မေရှုလံ၊ အာမရိအမျိုးမှ ယေဟောဟနန်၊ |
|
| 14 |
|
| မလ္လုတ်အမျိုးမှ ယောနသန်၊ ရှေဗနိအမျိုးမှ ယောသပ်၊ |
|
| 15 |
|
| ဟာရိမ်အမျိုးမှ အာဒန၊ မေရာယုတ်အမျိုးမှ ဟေလကဲ၊ |
|
| 16 |
|
| ဣဒေါအမျိုးမှ ဇာခရိ၊ ဂိန္နေသုန်အမျိုးမှ မေရှုလံ၊ |
|
| 17 |
|
| အဘိယအမျိုးမှ ဇိခရိ၊ မိညာမိန်အမျိုး၊ မာဒျာအမျိုးမှ ပိလတဲ၊ |
|
| 18 |
|
| ဗိလဂအမျိုးမှ ရှမွာ၊ ရှေမာယအမျိုးမှ ယေဟောနသန်၊ |
|
| 19 |
|
| ယောယရိပ်အမျိုးမှ မတ္တနဲ၊ ယေဒါယအမျိုးမှ ဩဇိ၊ |
|
| 20 |
|
| သလ္လဲအမျိုးမှ ကာလဲ၊ အာမောက်အမျိုးမှ ဧဗာ၊ |
|
| 21 |
|
| ဟိလခိအမျိုးမှ ဟာရှဘိ၊ ယေဒါယအမျိုးမှ နာသနေလ တို့ဖြစ်ကြ၏။ |
|
| 22 |
|
| ပါးရှားဘုရင် ဒါရိမင်းကြီးလက်ထက်၊ ယဇ်ပုရောဟိတ် ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့အမှုတော်ထမ်းချိန်တွင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးများနှင့် ယဇ်ပုရောဟိတ်တို့၏အမည်ကို မှတ်တမ်းတင်ထားကြ၏။ |
|
| 23 |
|
| ဧလျာရှိပ်၏သား ယောဟနန်လက်ထက်တိုင်အောင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးတို့၏အမည်ကို ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားကြ၏။ |
|
| 24 |
|
| ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။ |
|
| 25 |
|
| မတ္တနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည် သိုလှောင်ခန်းတံခါးတွင်စောင့်ကြပ်သော တံခါးစောင့်များဖြစ်ကြ၏။ |
|
| 26 |
|
| ဤသူတို့သည် ယောဇဒက်၏မြေး၊ ယေရွှာ၏သား ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနှင့် ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရတို့ခေတ်တွင် အမှုတော်ကို ထမ်းဆောင်သူများဖြစ်ကြ၏။ |
|
| 27 |
|
| ဂျေရုဆလင်မြို့ရိုးဆက်ကပ်ပွဲကျင်းပရာတွင် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်တို့ကိုတီးမှုတ်၍ ဝမ်းမြောက်စွာ ကျေးဇူးတော်ချီးမွမ်းသီဆိုလျက် ဆက်ကပ်ပွဲကိုကျင်းပနိုင်ရန် လေဝိအမျိုးတို့ကိုရှာ၍ သူတို့နေထိုင်ရာအရပ်ရပ်မှ ဂျေရုဆလင်မြို့သို့ လာရောက်စေ၏။ |
|
| 28 |
|
| သီချင်းသည်သားမြေးတို့သည် အတူတကွစုဝေးကြပြီး ဂျေရုဆလင်မြို့ဝန်းကျင်ရှိဒေသနှင့် နေတောဖာသိမြို့ရွာများမှလည်းကောင်း၊ |
|
| 29 |
|
| ဂိလဂါလမြို့နှင့် ဂေဗ၊ အာဇမာဝက်နယ် တို့မှလည်းကောင်း ရောက်လာကြ၏။ သီချင်းသည်တို့သည် ဂျေရုဆလင်မြို့ဝန်းကျင်တွင် မိမိတို့နေထိုင်ရန် မြို့ရွာများကို တည်ဆောက်ထားကြ၏။ |
|
| 30 |
|
| ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်ကိုယ်ကိုယ်စင်ကြယ်စေပြီးမှ လူထုများ၊ မြို့တံခါးများနှင့် မြို့ရိုးကို စင်ကြယ်စေကြ၏။ |
|
| 31 |
|
| ထို့နောက် ငါသည် ယုဒအကြီးအကဲတို့ကို မြို့ရိုးပေါ်သို့ တက်သွားစေ၏။ ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ကြီးကိုလည်း နှစ်ဖွဲ့ခွဲထား၍ တစ်ဖွဲ့ကို နောက်ချေးပုံတံခါးဘက်သို့ဦးတည်၍ မြို့ရိုးပေါ်တွင် လက်ယာရစ်စီတန်းသွားစေ၏။ |
|
| 32 |
|
| သူတို့နောက်တွင် ဟောရှာယနှင့် ယုဒအကြီးအကဲတစ်ဝက် လိုက်ကြ၏။ |
|
| 33 |
|
| အာဇရိ၊ ဧဇရ၊ မေရှုလံ၊ |
|
| 34 |
|
| ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ တို့လည်းပါ၏။ |
|
| 35 |
|
| သူတို့နောက်တွင် ယဇ်ပုရောဟိတ်သားမြေးအချို့သည် တံပိုးခရာမှုတ်၍လိုက်ကြ၏။ ထိုသူတို့မှာ အာသပ်၏သား ဇက္ကုရ၊ ဇက္ကုရ၏သား မိက္ခာယ၊ မိက္ခာယ၏သား မတ္တနိ၊ မတ္တနိ၏သား ရှေမာယ၊ ရှေမာယ၏သား ယောနသန်၊ ယောနသန်၏သား ဇာခရိနှင့် |
|
| 36 |
|
| သူ၏ညီအစ်ကိုများဖြစ်သော ရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိ တို့သည်လည်း ဘုရားသခင်၏လူဒါဝိဒ်၏ဂီတတူရိယာမျိုးကို တီးမှုတ်၍ လိုက်ကြ၏။ သူတို့ကို ကျမ်းပြုဆရာဧဇရက ဦးဆောင်သွား၏။ |
|
| 37 |
|
| သူတို့သည် စမ်းရေတွင်းတံခါးဝသို့ရောက်သောအခါ ဒါဝိဒ်မြို့အတက်လမ်းအတိုင်း မြို့ရိုးရှိရာသို့တက်သွားပြီး ဒါဝိဒ်နန်းတော်အထက်ရေတံခါးမှ အရှေ့ဘက်သို့ သွားကြ၏။ |
|
| 38 |
|
| ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ နောက်တစ်ဖွဲ့သည် လက်ဝဲဘက်သို့လှည့်လည်စီတန်းသွား၏။ ငါနှင့်လူထုတစ်ဝက်သည် မြို့ရိုးပေါ်တွင် သူတို့နောက်မှလိုက်၍ မီးခိုးခေါင်းတိုင်ကိုဖြတ်ပြီး မြို့ရိုးကျယ်အထိ သွားကြ၏။ |
|
| 39 |
|
| ထိုမှ ဧဖရိမ်တံခါး၊ ယေရှနတံခါး ၊ ငါးတံခါး၊ ဟာနနေလရဲတိုက်၊ မေအာရဲတိုက်၊ သိုးတံခါး တို့ကိုဖြတ်၍ ထောင်တံခါးသို့ရောက်သောအခါ ရပ်ကြ၏။ |
|
| 40 |
|
| ထို့နောက် ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့နှစ်ဖွဲ့သည် ဘုရားသခင်၏အိမ်တော်ထဲတွင် ရပ်နေကြ၏။ ငါနှင့် ကြီးကြပ်သူတစ်ဝက်လည်း ပါ၏။ |
|
| 41 |
|
| တံပိုးခရာမှုတ်သူ ယဇ်ပုရောဟိတ်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိယ တို့နှင့် |
|
| 42 |
|
| မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယေဟောဟနန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့လည်းပါ၏။ ယေဇရာဟိကြီးကြပ်သော သီချင်းသည်အဖွဲ့သည် ကျယ်လောင်စွာသီချင်းဆိုကြ၏။ |
|
| 43 |
|
| ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။ |
|
| 44 |
|
| ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။ |
|
| 45 |
|
| ယဇ်ပုရောဟိတ်များနှင့် လေဝိသားများသည် ဘုရားသခင်၏အမှု၊ စင်ကြယ်ခြင်းအမှုတို့ကို ဆောင်ရွက်ပေးကြ၏။ သီချင်းသည်များ၊ တံခါးစောင့်များလည်း ဒါဝိဒ်မင်းကြီးနှင့် သားတော်ရှောလမုန်မင်းကြီးတို့ စီစဉ်ချမှတ်ထားခဲ့သည့်အတိုင်းပြုကြ၏။ |
|
| 46 |
|
| အကြောင်းမူကား ရှေးယခင် ဒါဝိဒ်မင်းကြီးနှင့်အာသပ်လက်ထက်ကပင် ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းသီဆိုသော သီချင်းသည်များကို ဦးဆောင်ပေးသောသူများရှိခဲ့၏။ |
|
| 47 |
|
| ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။ |
|
|
|
|