|
| 1 |
|
| ထိုအခါ နေမတ်အမျိုးသားဇောဖာက |
|
| 2 |
|
| “မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။ |
|
| 3 |
|
| သင်ရောက်တတ်ရာရာပြောဆိုသည်ကို လူတို့နှုတ်ဆိတ်နေရမည်လော။ သင်ပြက်ရယ်ပြုသောအခါ လူတို့မရှက်ဘဲနေရမည်လော။ |
|
| 4 |
|
| သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။ |
|
| 5 |
|
| သို့သော် ဘုရားသခင်သည် နှုတ်တော်ကိုဖွင့်လျက် သင့်ကို ပြန်ပြောတော်မူပါစေ။ |
|
| 6 |
|
| ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။ |
|
| 7 |
|
| သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။ |
|
| 8 |
|
| ကောင်းကင်ထက်မြင့်သည်ဖြစ်၍ သင်မည်သို့တတ်နိုင်မည်နည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်မည်သို့သိနိုင်မည်နည်း။ |
|
| 9 |
|
| တိုင်းတာကြည့်လျှင် မြေကြီးထက် ရှည်လျား၍ ပင်လယ်ထက် ကျယ်ဝန်း၏။ |
|
| 10 |
|
| ကိုယ်တော်ကြွလာ၍ ဖမ်းဆီးချုပ်နှောင်မည်၊ လူစုလူဝေးဖြစ်စေမည်ဆိုလျှင် မည်သူဟန့်တားနိုင်မည်နည်း။ |
|
| 11 |
|
| ကိုယ်တော်သည် လှည့်စားတတ်သောသူကို သိတော်မူ၏။ သူပြုသောဒုစရိုက်ကိုမြင်လျှင် မမှတ်ထားဘဲနေတော်မူမည်လော။ |
|
| 12 |
|
| မြည်းရိုင်းသည် လူကိုမွေးထုတ်သောအခါမှသာ ပညာမဲ့သောသူသည် ပညာရှိဖြစ်လာနိုင်လိမ့်မည်။ |
|
| 13 |
|
| သင်သည် ကိုယ့်စိတ်နှလုံးကို ပြင်ဆင်၍ ကိုယ်တော့်ထံ လက်ဖြန့်လျှင်၊ |
|
| 14 |
|
| သင်ပြုသောအပြစ်ကို စွန့်ပစ်ပြီး သင့်တဲများ၌ မကောင်းမှုကို လက်မခံလျှင် |
|
| 15 |
|
| သင်သည် အပြစ်ကင်းလျက် မျက်နှာမော်နိုင်လိမ့်မည်။ ကြောက်ရွံ့ခြင်းမရှိ လုံခြုံစွာနေရလိမ့်မည်။ |
|
| 16 |
|
| အခက်အခဲပြဿနာကိုမေ့လျော့၍ စီးဆင်းသွားသောရေကဲ့သို့သာ အောက်မေ့လိမ့်မည်။ |
|
| 17 |
|
| သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။ |
|
| 18 |
|
| မျှော်လင့်ချက်ရှိသည်ဖြစ်၍ စိတ်အေးလက်အေးနေရလိမ့်မည်။ သင့်ပတ်ဝန်းကျင်ကိုကြည့်လျှင် လုံခြုံမှုရှိသည်ဖြစ်၍ နှစ်ခြိုက်စွာအိပ်ရလိမ့်မည်။ |
|
| 19 |
|
| သင်သည် ခြောက်လှန့်မည့်သူ မရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။ |
|
| 20 |
|
| ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။ |
|
|
|
|