|
| 1 |
|
| ထိုအခါ ယောဘက |
|
| 2 |
|
| “သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။ |
|
| 3 |
|
| ငါသည်လည်း သင်တို့ကဲ့သို့ အသိစိတ်ရှိ၍ သင်တို့ထက် မညံ့။ ဤကဲ့သို့သောအရာများကို အဘယ်သူမသိဘဲနေမည်နည်း။ |
|
| 4 |
|
| ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။ |
|
| 5 |
|
| ဘေးဆိုးကိုမကြုံဖူးသူသည် ဘေးဆိုးအား လှောင်ရယ်စရာတစ်ခုအဖြစ်လည်းကောင်း၊ ခြေချော်သူတို့ကြုံတွေ့ရန် အသင့်ရှိသောအရာတစ်ခုအဖြစ်လည်းကောင်း ထင်မှတ်တတ်၏။ |
|
| 6 |
|
| ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။ |
|
| 7 |
|
| တိရစ္ဆာန်တို့ကို မေးကြည့်လော့။ သင့်ကိုသွန်သင်လိမ့်မည်။ မိုးကောင်းကင်ငှက်တို့ကို မေးကြည့်လော့။ သင့်ကိုပြောပြလိမ့်မည်။ |
|
| 8 |
|
| သို့မဟုတ်လျှင် မြေကြီးအကြောင်းကို ဆင်ခြင်ကြည့်ပါ။ သင့်ကို သွန်သင်လိမ့်မည်။ ပင်လယ်ငါးတို့သည်လည်း သင့်ကိုပြောပြကြလိမ့်မည်။ |
|
| 9 |
|
| ဤအမှုအရာအား ထာဝရဘုရားစီရင်တော်မူကြောင်းကို သတ္တဝါအပေါင်းတို့ မသိဘဲနေမည်လော။ |
|
| 10 |
|
| သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။ |
|
| 11 |
|
| လျှာသည် အစားအစာ၏အရသာကို ခံစားတတ်သကဲ့သို့ နားသည်လည်း စကားတို့ကို ဆန်းစစ်တတ်သည်မဟုတ်လော။ |
|
| 12 |
|
| အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။ |
|
| 13 |
|
| ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။ |
|
| 14 |
|
| ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။ |
|
| 15 |
|
| ရေကိုတားတော်မူလျှင် ခန်းခြောက်သွားတတ်၏။ ရေကိုလွှတ်ပေးလိုက်လျှင် မြေကြီးကို လွှမ်းမိုးသွားတတ်၏။ |
|
| 16 |
|
| ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။ |
|
| 17 |
|
| ကိုယ်တော်သည် အတိုင်ပင်ခံအမတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ တရားသူကြီးတို့ကိုလည်း ရူးသွပ်စေတော်မူ၏။ |
|
| 18 |
|
| ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။ |
|
| 19 |
|
| ယဇ်ပုရောဟိတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ အားကြီးသောသူတို့ကိုလည်း ရှုံးနိမ့်စေတော်မူ၏။ |
|
| 20 |
|
| ယုံကြည်စိတ်ချရသောသူတို့ကို နှုတ်ဆိတ်စေတော်မူ၍ သက်ကြီးဝါကြီးတို့၏ဆင်ခြင်ဉာဏ်ကို နုတ်ယူတော်မူ၏။ |
|
| 21 |
|
| မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေ တော်မူ၏။ |
|
| 22 |
|
| မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။ |
|
| 23 |
|
| တိုင်းနိုင်ငံတို့ကို အားကြီးစေပြီးမှ ဖျက်ဆီးပစ်တော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်ပြန့်စေပြီးမှ ကွဲလွင့်စေတော်မူ၏။ |
|
| 24 |
|
| ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။ |
|
| 25 |
|
| အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။ |
|
|
|
|