|
| 1 |
|
| ထိုအခါ ယောဘက |
|
| 2 |
|
| “သင်တို့သည် ငါ့ကို မည်သည့်အချိန်ထိ ညှဉ်းဆဲကြမည်နည်း။ မည်သည့်အချိန်ထိ စကားနှင့်ချိုးဖဲ့ကြမည်နည်း။ |
|
| 3 |
|
| ငါ့ကို ဆယ်ကြိမ်တိုင်တိုင် ပုတ်ခတ်ပြောဆိုကြပြီ။ ငါ့ကို စော်ကားပြောဆိုကြပြီ။ သင်တို့မရှက်ကြသလော။ |
|
| 4 |
|
| ငါအမှန်ပင်မှားခဲ့လျှင်လည်း ငါ့အမှားနှင့်ငါသာ ရှိပါစေတော့။ |
|
| 5 |
|
| သင်တို့သည် ဘဝင်မြင့်၍ ငါကဲ့ရဲ့ခံရသည်ကို ငါ့အား ကဲ့ရဲ့ရှုတ်ချကြ၏။ |
|
| 6 |
|
| သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။ |
|
| 7 |
|
| ‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။ |
|
| 8 |
|
| ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။ |
|
| 9 |
|
| ငါ့ဂုဏ်သိက္ခာကို ဖယ်ရှားတော်မူပြီ။ ငါ့ဦးခေါင်းမှသရဖူကို ချွတ်ပစ်တော်မူပြီ။ |
|
| 10 |
|
| ငါ့ကို အဘက်ဘက်မှချိုးဖဲ့တော်မူသဖြင့် ငါကျိုးပဲ့ရပြီ။ ငါ့မျှော်လင့်ချက်များကိုလည်း သစ်ပင်ကဲ့သို့ ဆွဲနုတ်ပစ်တော်မူပြီ။ |
|
| 11 |
|
| ငါ့ကို အမျက်ထွက်၍ ရန်သူကဲ့သို့ မှတ်တော်မူပြီ။ |
|
| 12 |
|
| ကိုယ်တော်၏ဗိုလ်ခြေတို့သည် အတူတကွချီတက်လာကြ၍ ကျုံးများကိုတူးလျက် ငါ့တဲပတ်ပတ်လည်တွင် စခန်းချကြ၏။ |
|
| 13 |
|
| ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။ |
|
| 14 |
|
| ငါ့ဆွေမျိုးသားချင်းတို့သည် ငါ့ကို စွန့်ခွာသွားကြ၏။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို မေ့သွားကြ၏။ |
|
| 15 |
|
| ငါ့အိမ်တွင် တည်းခိုနေထိုင်သောသူများ၊ ငါ့ကျွန်မများလည်း ငါ့ကို သူစိမ်းကဲ့သို့ သဘောထားကြ၏။ သူတို့အမြင်တွင် ငါသည် တစ်ပါးအမျိုးသားဖြစ်ရ၏။ |
|
| 16 |
|
| ငါ့အစေအပါးလည်း ငါခေါ်သည်ကိုပင် ပြန်မထူး။ ငါ့နှုတ်ဖြင့် သူ့ကို အသနားခံတောင်းပန်ရ၏။ |
|
| 17 |
|
| ငါအသက်ရှူခြင်းသည် ငါ့မိန်းမအဖို့ ရွံရှာစရာ၊ ငါ့ညီအစ်ကိုတို့အဖို့ စက်ဆုပ်စရာဖြစ်၏။ |
|
| 18 |
|
| ကလေးသူငယ်များပင်လျှင် ငါ့ကို မထီမဲ့မြင်ပြုကြ၏။ ငါမတ်တတ်ရပ်နေလျှင် ငါ့ကို သရော်ကြ၏။ |
|
| 19 |
|
| ငါနှင့်ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေအားလုံးတို့သည် ငါ့ကို စက်ဆုပ်ရွံရှာကြ၏။ ငါချစ်သောသူတို့သည် ငါ့ကိုကျောခိုင်းသွားကြ၏။ |
|
| 20 |
|
| ငါ့အသားအရေသည် အရိုး၌ကပ်နေပါ၏။ သွားဖုံးသာကျန်လျက် အသက်လွတ်ရုံသာရှိပါ၏။ |
|
| 21 |
|
| အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။ |
|
| 22 |
|
| သင်တို့သည် ဘုရားသခင်နည်းတူ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်း။ ငါ့အသားညှဉ်းဆဲခံရသည်ကိုပင် သင်တို့မကျေနပ်သေးသလော။ |
|
| 23 |
|
| ငါ့စကားတို့ကို မှတ်တမ်းတင်ပေးမည့်သူ ရှိပါစေသော။ စာလိပ်တွင် ရေးမှတ်ထားပေးမည့်သူ ရှိပါစေသော။ |
|
| 24 |
|
| ကြာရှည်တည်တံ့ရန် သံကညစ်နှင့် ခဲတို့ဖြင့် ကျောက်ပြားပေါ်တွင် ကမ္ပည်းထိုးထားစေချင်ပါ၏။ |
|
| 25 |
|
| ငါ့ကို ရွေးနုတ်တော်မူမည့်အရှင်သည် အသက်ရှင်တော်မူ၍ နောက်ဆုံး၌ မြေကြီးပေါ်တွင် ပေါ်ထွန်းတော်မူမည်ကို ငါသိ၏။ |
|
| 26 |
|
| ငါ့အရေပြားများ ပျက်စီးသွားသော်လည်း ဤကိုယ်ခန္ဓာဖြင့် ဘုရားသခင်အား ဖူးမြင်ရမည်ကို ငါသိ၏။ |
|
| 27 |
|
| ငါကိုယ်တိုင် ဖူးမြင်ရမည်။ အခြားသူမဟုတ်ဘဲ ငါကိုယ်တိုင် မျက်စိဖြင့် မြင်ရမည်။ ထိုသို့ ငါ့ရင်ထဲ၊ နှလုံးသားထဲမှ တမ်းတလျက်ရှိ၏။ |
|
| 28 |
|
| သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။ |
|
| 29 |
|
| အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။ |
|
|
|
|