|
| 1 |
|
| အကျွန်ုပ်တို့၌မဟုတ်ဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌မဟုတ်ဘဲ ကိုယ်တော်၏နာမတော်၌သာ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားကြောင့် ဘုန်းအသရေရှိပါစေသော။ |
|
| 2 |
|
| လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့် ဆိုကြသနည်း။ |
|
| 3 |
|
| ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။ |
|
| 4 |
|
| သူတို့၏ရုပ်တုများမူကား ရွှေ၊ ငွေဖြစ်ကြပြီး လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။ |
|
| 5 |
|
| ၎င်းတို့သည် နှုတ်ရှိသော်လည်း စကားမပြောနိုင်ကြ။ မျက်စိရှိသော်လည်း မမြင်နိုင်ကြ။ |
|
| 6 |
|
| နားရှိသော်လည်း မကြားနိုင်ကြ။ နှာခေါင်းရှိသော်လည်း အနံ့ခံ၍မရနိုင်ကြ။ |
|
| 7 |
|
| လက်ရှိသော်လည်း မထိမကိုင်နိုင်ကြ။ ခြေရှိသော်လည်း လမ်းမလျှောက်နိုင်ကြ။ ၎င်းတို့၏လည်ချောင်းဖြင့်လည်း အသံမပြုနိုင်ကြ။ |
|
| 8 |
|
| ၎င်းတို့ကို ပြုလုပ်သောသူနှင့် ယုံကြည်ကိုးစားသောသူအပေါင်းတို့သည် ၎င်းတို့ကဲ့သို့ဖြစ်လာကြလိမ့်မည်။ |
|
| 9 |
|
| အို အစ္စရေးလူမျိုးတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုလူမျိုးတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။ |
|
| 10 |
|
| အို အာရုန်၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုအမျိုးအနွယ်တို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။ |
|
| 11 |
|
| ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။ |
|
| 12 |
|
| ထာဝရဘုရားသည် ငါတို့ကို အောက်မေ့၍ ကောင်းချီးပေးတော်မူမည်။ အစ္စရေးအမျိုးအနွယ်ကို ကောင်းချီးပေးတော်မူမည်။ အာရုန်၏အမျိုးအနွယ်ကို ကောင်းချီးပေးတော်မူမည်။ |
|
| 13 |
|
| ထာဝရဘုရားကိုကြောက်ရွံ့သောသူ အကြီးအငယ်တို့ကို ကောင်းချီးပေးတော်မူမည်။ |
|
| 14 |
|
| ထာဝရဘုရားသည် သင်တို့ကိုလည်းကောင်း၊ သင်တို့မှစ၍ သင်တို့၏သားသမီးတို့ကိုလည်းကောင်း တိုးပွားစေတော်မူပါစေသော။ |
|
| 15 |
|
| သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရပါစေသော။ |
|
| 16 |
|
| ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။ |
|
| 17 |
|
| သေလွန်သောသူ၊ ဆိတ်ငြိမ်ရာအရပ်ထဲသို့ ဆင်းသွားသောသူတစ်စုံတစ်ဦးမျှ ထာဝရဘုရားကို မချီးမွမ်းကြပေ။ |
|
| 18 |
|
| ငါတို့မူကား ထာဝရဘုရားကို ယခုမှစ၍ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြမည်။ ဟာလေလုယ။ |
|
|
|
|