မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။ |
| 2 |
| အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မုသားနှုတ်ခမ်းမှလည်းကောင်း၊ လိမ်လည်ကောက်ကျစ်သောလျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။ |
| 3 |
| အို လိမ်လည်ကောက်ကျစ်သောလျှာ၊ ကိုယ်တော်သည် သင့်ကို မည်သို့ပြုမည်နည်း၊ သင့်ကို မည်သည့်အရာဖြင့် ထပ်၍ဒဏ်ခတ်မည်နည်းဟူမူကား |
| 4 |
| စစ်သူရဲ၏ချွန်ထက်သောမြားနှင့် ရှားမီးခဲတို့ဖြင့်ဖြစ်၏။ |
| 5 |
| ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။ |
| 6 |
| ငါ၏စိတ်ဝိညာဉ်သည် ငြိမ်းချမ်းရေးကို မုန်းသောသူတို့နှင့်အတူ နေထိုင်ရသည်မှာ ကြာမြင့်လှလေပြီ။ |
| 7 |
| ငါသည် ငြိမ်းချမ်းရေးကိုလိုလား၏။ သို့သော် ငါပြောဆိုသောအခါ သူတို့သည် စစ်ကိုသာလိုလားကြ၏။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/120.mp3
150
120