မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။ |
| 2 |
| တောင်များသည် ဂျေရုဆလင်မြို့ကိုဝန်းရံထားသကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို ယခုမှစ၍ ကာလအစဉ်အဆက်ဝန်းရံထားတော်မူ၏။ |
| 3 |
| ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။ |
| 4 |
| အို ထာဝရဘုရား၊ သူတော်ကောင်းနှင့် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို ကောင်းစားစေတော်မူပါ။ |
| 5 |
| မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/125.mp3
150
125