မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။ |
| 2 |
| ထိုအခါ ငါတို့နှုတ်သည် ရယ်မောခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် ရွှင်လန်းစွာ ကြွေးကြော်ခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ လူတို့ကလည်း “ထာဝရဘုရားသည် သူတို့အတွက် ကြီးမြတ်သောအမှုကို ပြုတော်မူပြီ”ဟု တိုင်းနိုင်ငံတို့အလယ်တွင်ပြောဆိုကြ၏။ |
| 3 |
| ထာဝရဘုရားသည် ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ ငါတို့သည် ဝမ်းမြောက်ကြ၏။ |
| 4 |
| အို ထာဝရဘုရား၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောအကျွန်ုပ်တို့ကို နေဂေ့အရပ်မှချောင်းရေများကဲ့သို့ ပြန်လာစေတော်မူပါ ။ |
| 5 |
| မျက်ရည်ဖြင့် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ရိတ်သိမ်းရကြလိမ့်မည်။ |
| 6 |
| မျက်ရည်ကျလျက် ကြဲစရာမျိုးစေ့ကိုသယ်ဆောင်၍ ထွက်သွားသောသူသည် မိမိ၏ကောက်လှိုင်းများကိုသယ်ဆောင်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် မုချပြန်လာလိမ့်မည်။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/126.mp3
150
126