မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။ မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။ |
| 2 |
| အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မည်မျှကြာအောင် တွေးတောပူပန်လျက် နေရပါမည်နည်း။ အကျွန်ုပ်၏စိတ်နှလုံးတွင် တစ်နေ့လုံးဝမ်းနည်းလျက်နေရပါ၏။ အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အထက်၌ မည်မျှကြာအောင် မြှောက်စားခြင်းခံရပါမည်နည်း။ |
| 3 |
| အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကြည့်ရှုဆင်ခြင်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်၏မျက်စိကိုအလင်းပေးတော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သည် သေခြင်း၌အိပ်ပျော်ရပါလိမ့်မည်။ |
| 4 |
| အကျွန်ုပ်၏ရန်သူကလည်း “သူ့ကိုငါနိုင်ပြီ”ဟု ဆိုပါလိမ့်မည်။ အကျွန်ုပ်တုန်လှုပ်သောအခါ အကျွန်ုပ်ကိုရန်ဖက်ပြုသောသူတို့သည် ရွှင်လန်းကြပါလိမ့်မည်။ |
| 5 |
| သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းပါမည်။ |
| 6 |
| ထာဝရဘုရားသည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းဆိုပါမည်။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/013.mp3
150
13