|
| 1 |
|
| အို ထာဝရဘုရား၊ ဒါဝိဒ်ကိုလည်းကောင်း၊ သူခံခဲ့ရသောနှိပ်စက်ခြင်းအပေါင်းတို့ကိုလည်းကောင်း၊ |
|
| 2 |
|
| သူသည် ထာဝရဘုရားကိုတိုင်တည်၍ မည်သို့ကျိန်ဆိုခဲ့သည်ကိုလည်းကောင်း၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ကို မည်သို့ကတိသစ္စာပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ |
|
| 3 |
|
| သူက “အကျွန်ုပ်သည် ထာဝရဘုရားစံမြန်းတော်မူရာအရပ်တည်းဟူသော ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ကိန်းဝပ်တော်မူရာတဲတော်ကို မတွေ့ရမချင်း ကိုယ့်နေရာအိမ်သို့မပြန်၊ ကိုယ့်အိပ်ရာခုတင်ပေါ်သို့မတက်၊ ကိုယ့်မျက်စိကိုအိပ်ခွင့်၊ ကိုယ့်မျက်လွှာကိုပိတ်ခွင့်မပေးဘဲနေမည်”ဟု ကျိန်ဆို၍ကတိသစ္စာပြုခဲ့ပါ၏။ |
|
| 4 |
|
|
|
| 5 |
|
|
|
| 6 |
|
| ကြည့်ရှုလော့။ ဤအရာကို ဧဖရတ်အရပ်တွင် ငါတို့ကြား၍ ယာအာတောထဲတွင် တွေ့ခဲ့ကြပြီ။ |
|
| 7 |
|
| ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။ |
|
| 8 |
|
| အို ထာဝရဘုရား၊ ထတော်မူ၍ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော သေတ္တာတော်နှင့်အတူ ကိုယ်တော်၏ငြိမ်ဝပ်ရာအရပ်သို့ ကြွတော်မူပါ။ |
|
| 9 |
|
| ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းကိုဝတ်ဆင်ရကြပါစေသော။ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ |
|
| 10 |
|
| ကိုယ်တော်၏အစေအပါးဒါဝိဒ်၏မျက်နှာကိုထောက်၍ ကိုယ်တော်ဘိသိက်ပေးထားသောသူကို ငြင်းပယ်တော်မမူပါနှင့်။ |
|
| 11 |
|
| ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။ |
|
| 12 |
|
| သင်၏သားတို့သည် ငါ၏ပဋိညာဉ်နှင့် သူတို့အား ငါသင်ကြားပေးသော ငါ၏သက်သေခံချက်တို့ကို စောင့်ထိန်းကြလျှင် သူတို့၏သားများသည်လည်း သင်၏ရာဇပလ္လင်ပေါ် အစဉ်အမြဲထိုင်ရကြလိမ့်မည်”ဟူ၍ဖြစ်၏။ |
|
| 13 |
|
| အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကိုရွေးချယ်ပြီး မိမိ၏ကိန်းဝပ်ရာအရပ် ဖြစ်စေရန် အလိုရှိတော်မူပြီ။ |
|
| 14 |
|
| “ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။ |
|
| 15 |
|
| ထိုအရပ်ကို ကောင်းချီးပေးမည်။ စားနပ်ရိက္ခာပေါများစေမည်။ နွမ်းပါးသောသူတို့ကို အစားအစာနှင့် ဝပြောစေမည်။ |
|
| 16 |
|
| ထိုအရပ်ရှိ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်းဖြင့် ငါလွှမ်းခြုံမည်။ ထိုအရပ်မှ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာကြွေးကြော်လျက်သီချင်းဆိုကြလိမ့်မည်။ |
|
| 17 |
|
| ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုကို ငါပေါက်စေမည်။ ငါဘိသိက်ပေးထားသောသူအတွက် မီးခွက်ကို ငါပြင်ဆင်ပြီ။ |
|
| 18 |
|
| ငါသည် သူ၏ရန်သူတို့အား အရှက်ကွဲခြင်းကိုဝတ်ဆင်စေမည်။ သူ့အပေါ်၌မူကား သူ၏ဘုန်းသရဖူသည် ပွင့်လန်းတောက်ပလိမ့်မည်”ဟု မိန့်တော်မူ၏။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesemsbu/psalms/132.mp3
150
132