မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူမရှိ။ |
| 2 |
| ပညာသတိရှိသောသူ၊ ဘုရားသခင်ကိုရှာသောသူ ရှိ၊ မရှိသိမြင်ရန် ထာဝရဘုရားသည် လူသားတို့ကို ကောင်းကင်ဘုံမှငုံ့ကြည့်တော်မူ၏။ |
| 3 |
| လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်းဖောက်ပြန်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ။ တစ်ယောက်မျှမရှိ။ |
| 4 |
| အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။ |
| 5 |
| ဘုရားသခင်သည် ဖြောင့်မတ်သောသူ၏ မျိုးဆက်နှင့်အတူရှိတော်မူသောကြောင့် သူတို့သည် အလွန်ကြောက်ရွံ့ကြပြီတကား။ |
| 6 |
| သင်တို့သည် အဖိနှိပ်ခံရသောသူ၏အကြံဉာဏ်ကို အရှက်ကွဲစေတတ်သော်လည်း ထာဝရဘုရားသည် သူ၏ခိုလှုံရာဖြစ်တော်မူ၏။ |
| 7 |
| အစ္စရေးအတွက် ကယ်တင်ခြင်းသည် ဇိအုန်မှပေါ်ထွန်းပါစေသော။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောမိမိလူမျိုးတော်ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ ယာကုပ်သည်ရွှင်လန်းပါစေ။ အစ္စရေးသည်ဝမ်းမြောက်ပါစေ။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/014.mp3
150
14