|
| 1 |
|
| ဟာလေလုယ။ ထာဝရဘုရားကို ကောင်းကင်ပေါ်မှ ချီးမွမ်းကြလော့။ ကိုယ်တော်ကို မြင့်မြတ်သောအရပ်၌ ချီးမွမ်းကြလော့။ |
|
| 2 |
|
| ကိုယ်တော်၏ကောင်းကင်တမန်အပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
|
| 3 |
|
| နေနှင့်လတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ တောက်ပသောကြယ်အပေါင်းတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ |
|
| 4 |
|
| အမြင့်ဆုံးသောကောင်းကင်နှင့် ကောင်းကင်အထက်မှရေများတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
|
| 5 |
|
| ၎င်းတို့သည် ထာဝရဘုရား၏အမိန့်တော်ဖြင့် ဖန်ဆင်းခြင်းခံရကြသည်ဖြစ်၍ ကိုယ်တော်၏နာမတော်ကိုချီးမွမ်းကြပါစေ။ |
|
| 6 |
|
| ကိုယ်တော်သည် ၎င်းတို့ကို ကာလအစဉ်အဆက်တည်စေ၍ မပျောက်ပျက်နိုင်သောပြဋ္ဌာန်းချက်ကို ပေးတော်မူ၏။ |
|
| 7 |
|
| ရေသတ္တဝါကြီးများနှင့် နက်ရှိုင်းရာအရပ်ရှိသမျှ၊ |
|
| 8 |
|
| မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊ |
|
| 9 |
|
| တောင်များနှင့် တောင်ကုန်းရှိသမျှ၊ သီးစားပင်နှင့်သစ်ကတိုးပင်ရှိသမျှ၊ |
|
| 10 |
|
| တောရိုင်းတိရစ္ဆာန်နှင့် ယဉ်ပါးသောတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်များနှင့် ပျံသန်းတတ်သောငှက်၊ |
|
| 11 |
|
| ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်များနှင့် လူမျိုးရှိသမျှ၊ အကြီးအကဲများနှင့် ကမ္ဘာမြေကြီးပေါ်ရှိစီရင်အုပ်ချုပ်သူရှိသမျှ၊ |
|
| 12 |
|
| လူပျိုများနှင့်အပျိုများ၊ အသက်ကြီးသောသူများနှင့်ကလေးသူငယ်များတို့၊ ထာဝရဘုရားကို ကမ္ဘာမြေကြီးပေါ်မှ ချီးမွမ်းကြလော့။ |
|
| 13 |
|
| ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။ |
|
| 14 |
|
| ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/148.mp3
150
148