မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| ဟာလေလုယ။ ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီဆိုကြလော့။ သန့်ရှင်းသူတို့၏အစုအဝေး၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ |
| 2 |
| အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။ |
| 3 |
| သူတို့သည် ကခုန်လျက် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြပါစေ။ ပတ်သာနှင့်စောင်းကိုတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းကြပါစေ။ |
| 4 |
| အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းနှင့်တင့်တယ်စေတော်မူ၏။ |
| 5 |
| သန့်ရှင်းသူတို့သည် ဘုန်းအသရေတော်၌ရွှင်မြူးကြပါစေ။ မိမိတို့၏အိပ်ရာပေါ်၌ ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ |
| 6 |
| သူတို့၏နှုတ်၌ ဘုရားသခင်၏ဂုဏ်တော်ချီးမွမ်းခြင်းရှိကြပါစေ။ သူတို့၏လက်၌လည်း အသွားနှစ်ဖက်ပါသောသန်လျက်ကို ကိုင်ထားကြပါစေ။ |
| 7 |
| သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊ |
| 8 |
| ထိုသူတို့၏ရှင်ဘုရင်များကို သံကြိုးဖြင့်ချည်နှောင်၍ ထိုသူတို့ထဲမှဂုဏ်သရေရှိပုဂ္ဂိုလ်များကို သံခြေချင်းခတ်ရန်လည်းကောင်း၊ |
| 9 |
| ရေးသားထားသောတရားစီရင်ချက်ကို ထိုသူတို့အပေါ် သက်ရောက်စေရန်လည်းကောင်းဖြစ်၏။ ဤသည်ကား ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့၌ရှိသော ခန့်ညားထည်ဝါမှုဖြစ်၏။ ဟာလေလုယ။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/149.mp3
150
149