မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။ |
| 2 |
| ကိုယ်တော်၏အစွမ်းတန်ခိုးတော်များကြောင့် ကိုယ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏အလွန်ကြီးမြတ်တော်မူခြင်းအတွက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
| 3 |
| တံပိုးမှုတ်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ စောင်းပြားနှင့်စောင်းကောက်ကိုတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
| 4 |
| ပတ်သာတီးလျက်၊ ကခုန်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာများတီးလျက်၊ ပလွေများမှုတ်လျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
| 5 |
| အသံလွင်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ အသံကျယ်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
| 6 |
| သက်ရှိသတ္တဝါအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြပါစေ။ ဟာလေလုယ။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/150.mp3
150
150