မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါသည်ချို့တဲ့ခြင်းမရှိရ။ |
| 2 |
| စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုလဲလျောင်းစေတော်မူ၏။ သာယာသောမြစ်နားသို့ ငါ့ကိုလမ်းပြတော်မူ၏။ |
| 3 |
| ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။ |
| 4 |
| အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။ |
| 5 |
| အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။ |
| 6 |
| အကယ်စင်စစ် အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကောင်းမြတ်တော်မူခြင်းနှင့်မေတ္တာကရုဏာတော်သည် အကျွန်ုပ်နှင့်အတူလိုက်ပါလာလိမ့်မည်။ အကျွန်ုပ်သည်လည်း ထာဝရဘုရား၏အိမ်တော်၌ အစဉ်အမြဲနေရပါလိမ့်မည်။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/023.mp3
150
23