မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| အို ကောင်းကင်သားတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။ ဘုန်းအသရေနှင့်အစွမ်းသတ္တိသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။ |
| 2 |
| နာမတော်၏ဘုန်းအသရေသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။ သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသော ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။ |
| 3 |
| ထာဝရဘုရား၏အသံတော်သည် ရေပေါ်၌ရှိတော်မူ၏။ ဘုန်းကြီးသောဘုရားသည် ထစ်ချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်၌ရှိတော်မူ၏။ |
| 4 |
| ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။ |
| 5 |
| ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ |
| 6 |
| ကိုယ်တော်သည် လက်ဘနွန်ကို နွားသငယ်ကဲ့သို့လည်းကောင်း၊ စိရုန်ကို နွားရိုင်းကလေးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။ |
| 7 |
| ထာဝရဘုရား၏အသံတော်သည် မီးတောက်မီးလျှံများကို ထွက်ပေါ်စေတော်မူ၏။ |
| 8 |
| ထာဝရဘုရား၏အသံတော်သည် တောကန္တာရကိုတုန်လှုပ်စေတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။ |
| 9 |
| ထာဝရဘုရား၏အသံတော်သည် သမင်တို့ကိုသားဖွားစေ၍ သစ်တောများကို ပြောင်တလင်းခါစေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်၌ရှိသမျှတို့က “ဘုန်းကြီးစေသတည်း”ဟု ကြွေးကြော်ကြ၏။ |
| 10 |
| ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။ ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။ |
| 11 |
| ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား အစွမ်းသတ္တိကိုပေးတော်မူ၏။ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းချမ်းခြင်းကောင်းချီးမင်္ဂလာကိုပေးတော်မူ၏။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/029.mp3
150
29