|
| 1 |
|
| ဆိုးယုတ်သောသူကျူးလွန်သောအပြစ်နှင့်ပတ်သက်၍ ငါ၏စိတ်နှလုံးအထဲမှမိန့်ကြားတော်မူချက်မှာ “သူ၏မျက်စိရှေ့တွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိ။ |
|
| 2 |
|
| အကြောင်းမူကား သူသည် မိမိကိုယ်ကိုမြှောက်ပင့်ပြောဆို၍ မိမိဒုစရိုက်ကိုမမြင်နိုင်၊ မမုန်းနိုင်ချေ။ |
|
| 3 |
|
| သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။ |
|
| 4 |
|
| သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။” |
|
| 5 |
|
| အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။ |
|
| 6 |
|
| ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များ ကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။ |
|
| 7 |
|
| အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အဖိုးတန်လှပါ၏။ လူသားတို့သည် ကိုယ်တော်၏ အတောင်တော်အရိပ်အောက်၌ ခိုလှုံကြပါ၏။ |
|
| 8 |
|
| သူတို့သည် ကိုယ်တော့်အိမ်တော်၏ကြွယ်ဝခြင်းဖြင့် ကျေနပ်အားရကြပါလိမ့်မည်။ ကိုယ်တော်သည် ကိုယ်တော်၏ ကြည်နူးခြင်းစမ်းရေကိုလည်း သူတို့အားတိုက်တော်မူ၏။ |
|
| 9 |
|
| အကြောင်းမူကား ကိုယ်တော့်ထံ၌အသက်စမ်းရေတွင်းရှိပါ၏။ ကိုယ်တော်၏အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကိုမြင်ရကြပါ၏။ |
|
| 10 |
|
| ကိုယ်တော်ကိုသိသောသူတို့၌ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုလည်းကောင်း၊ စိတ်နှလုံးဖြောင့်မှန်သောသူတို့၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။ |
|
| 11 |
|
| မာန်မာနရှိသောခြေသည် အကျွန်ုပ်အပေါ်မရောက်လာပါစေနှင့်။ ဆိုးယုတ်သောသူတို့၏လက်သည်လည်း အကျွန်ုပ်ကိုနှင်ထုတ်ခွင့်မရပါစေနှင့်။ |
|
| 12 |
|
| ကြည့်လော့။ အပြစ်ဒုစရိုက်ပြုသောသူတို့သည် လဲကျသွားကြပြီ။ သူတို့သည် တွန်းချခံရ၍ ပြန်မထနိုင်ကြပါ။ |
|
|
|
|