|
| 1 |
|
| “ငါသည် နှုတ်ဖြင့်မပြစ်မှားမိစေရန် ငါ၏အပြုအမူအကျင့်အကြံတို့ကိုစောင့်ထိန်းမည်။ ငါ၏ရှေ့၌ဆိုးယုတ်သောသူတို့ရှိနေစဉ် နှုတ်စွပ်တပ်၍ ငါ့နှုတ်ကိုစောင့်ထိန်းမည်”ဟု ငါဆိုခဲ့၏။ |
|
| 2 |
|
| ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။ |
|
| 3 |
|
| ငါ၏စိတ်နှလုံးသည် ငါ့အထဲ၌ပူလောင်လာ၏။ ငါညည်းညူမြည်တမ်းသောအခါ မီးတောက်လောင်၏။ ထိုအခါ ငါ၏နှုတ်ဖြင့် ငါပြောဆိုသည်မှာ |
|
| 4 |
|
| “အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘဝနိဂုံးကိုလည်းကောင်း၊ အကျွန်ုပ်အသက်တာ၏နေ့ရက်ပမာဏ မည်မျှရှိသည်ကိုလည်းကောင်း အကျွန်ုပ်အားသိစေတော်မူပါ။ အကျွန်ုပ်သည် အခိုက်အတန့်မျှသာ တည်ကြောင်းကိုလည်း သိစေတော်မူပါ။ |
|
| 5 |
|
| ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါး သာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။ |
|
| 6 |
|
| အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။ |
|
| 7 |
|
| သို့ဖြစ်၍ အို ဘုရားရှင်၊ ယခု အကျွန်ုပ်သည် မည်သည့်အရာကိုစောင့်မျှော်ရပါမည်နည်း။ အကျွန်ုပ်မျှော်မှန်းသောအရာသည် ကိုယ်တော်၌သာရှိပါ၏။ |
|
| 8 |
|
| အကျွန်ုပ်ကျူးလွန်သောအပြစ်ရှိသမျှတို့မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို မိုက်မဲသောသူ၏ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေတော်မမူပါနှင့်။ |
|
| 9 |
|
| ကိုယ်တော်သည် ဤသို့ပြုတော်မူသောကြောင့် အကျွန်ုပ်သည် တိတ်ဆိတ်စွာနေလျက် အကျွန်ုပ်၏နှုတ်ကိုမဖွင့်ဘဲနေပါ၏။ |
|
| 10 |
|
| ကိုယ်တော်၏ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ လက်တော်၏ရိုက်နှက်မှုကြောင့် အကျွန်ုပ်သည် အားအင်ကုန်ခန်းပါပြီ။ |
|
| 11 |
|
| ကိုယ်တော်သည် ဒုစရိုက်အတွက်ဆိုဆုံးမခြင်းအားဖြင့် လူကိုပဲ့ပြင်တော်မူ၍ လူတပ်မက်သောအရာကို ပိုးဖလံကဲ့သို့ဖျက်ဆီးတော်မူ၏။ လူတိုင်းသည် အခိုးအငွေ့သာဖြစ်ကြပါ၏။ |
|
| 12 |
|
| အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။ |
|
| 13 |
|
| အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။” |
|
|
|
|