မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။ |
| 2 |
| အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏နှုတ်ထွက်စကားတို့ကို စူးစိုက်နားထောင်တော်မူပါ။ |
| 3 |
| အကြောင်းမူကား သူစိမ်းတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။ ကြမ်းကြုတ်သောသူတို့သည်လည်း အကျွန်ုပ်အသက်ကိုရန်ရှာကြပါ၏။ သူတို့သည် ဘုရားသခင်ကို ဦးထိပ်ထားခြင်းမရှိကြပါ။ |
| 4 |
| ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်တော်မူ၏။ ဘုရားရှင်သည် ငါ့အသက်ကို ထောက်မသောသူတို့နှင့်အတူ ရှိတော်မူ၏။ |
| 5 |
| ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ |
| 6 |
| အကျွန်ုပ်သည် စေတနာ့ပူဇော်သက္ကာကို ကိုယ်တော်အား ပူဇော်ပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ကောင်းမြတ်ပါ၏။ |
| 7 |
| အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/054.mp3
150
54