|
| 1 |
|
| အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်တစ်ဖက်၌ထကြွသောသူတို့၏ဘေးမှ အကျွန်ုပ်ကိုလုံခြုံစွာစောင့်ရှောက်တော်မူပါ။ |
|
| 2 |
|
| အပြစ်ဒုစရိုက်ပြုသောသူတို့ထံမှ အကျွန်ုပ်ကိုကယ်နုတ်၍ သွေးဆာသောသူတို့လက်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ |
|
| 3 |
|
| အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။ |
|
| 4 |
|
| အကျွန်ုပ်၌ ဒုစရိုက်မရှိဘဲလျက် သူတို့သည် ပြေးလာ၍ အသင့်ပြင်ထားကြပါ၏။ အကျွန်ုပ်ကိုမစရန် နိုးကြွ၍ကြည့်ရှုတော်မူပါ။ |
|
| 5 |
|
| ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ဖြစ်ပါ၏။ လူမျိုးအပေါင်းတို့ကိုဒဏ်ခတ်ရန် ထတော်မူပါ။ သစ္စာမဲ့သောယုတ်ညံ့သူတစ်စုံတစ်ဦးကိုမျှ သနားတော်မမူပါနှင့်။ |
|
| 6 |
|
| သူတို့သည် နေဝင်ချိန်၌ပြန်လာ၍ ခွေးကဲ့သို့ မာန်ဖီဟိန်းဟောက်လျက် မြို့ကိုလှည့်ပတ်ကြပါ၏။ |
|
| 7 |
|
| သူတို့သည် မိမိတို့ပါးစပ်ဖြင့် မြွက်ဟကြပါ၏။ သူတို့၏နှုတ်ခမ်း၌ ဓားများရှိပါ၏။ သူတို့က “မည်သူကြားသနည်း”ဟု ဆိုကြပါ၏။ |
|
| 8 |
|
| သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုရယ်မောတော်မူ၏။ လူမျိုးအပေါင်းတို့ကို ပြက်ရယ်ပြုတော်မူ၏။ |
|
| 9 |
|
| အို အကျွန်ုပ် ၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်စောင့်စားပါ၏။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ |
|
| 10 |
|
| အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်သည် အကျွန်ုပ်ကိုကြိုဆိုတော်မူလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်အား ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသောအခွင့်ကို ပေးတော်မူလိမ့်မည်။ |
|
| 11 |
|
| ထိုသူတို့ကိုသတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူမျိုးတို့သည် မေ့လျော့ကြပါလိမ့်မည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကိုလှည့်လည်သွားလာစေတော်မူပါ။ အကျွန်ုပ်တို့၏ဒိုင်းလွှားဖြစ်တော်မူသောဘုရားရှင်၊ သူတို့ကိုနိမ့်ကျစေတော်မူပါ။ |
|
| 12 |
|
| သူတို့နှုတ်၏အပြစ်နှင့် သူတို့နှုတ်ထွက်စကားကြောင့်လည်းကောင်း၊ သူတို့ရေရွတ်သော ကျိန်ဆဲစကားနှင့်မုသားစကားကြောင့်လည်းကောင်း သူတို့သည် မိမိတို့၏မာနကြီးခြင်းထဲ၌ ကျော့မိကြပါစေ။ |
|
| 13 |
|
| သူတို့ကို အမျက်ဒေါသဖြင့် အပြီးသတ်သုတ်သင်တော်မူပါ။ သူတို့မရှိတော့သည်အထိ အပြီးသတ်သုတ်သင်တော်မူပါ။ ထိုအခါ ဘုရားသခင်သည် ယာကုပ်မှစ၍ ကမ္ဘာမြေအစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်း သိကြပါလိမ့်မည်။ |
|
| 14 |
|
| သူတို့သည် နေဝင်ချိန်၌ပြန်လာလျက် ခွေးကဲ့သို့မာန်ဖီဟိန်းဟောက်ကာ မြို့အနှံ့လှည့်လည်ကြပါ၏။ |
|
| 15 |
|
| သူတို့သည် အစာအတွက်လှည့်လည်သွားလာကြပြီး အစာမဝပါက အော်မြည်ကြပါ၏။ |
|
| 16 |
|
| အကျွန်ုပ်မူကား ကိုယ်တော်၏ အစွမ်းသတ္တိအကြောင်းကို သီကျူးပါမည်။ နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို ရွှင်လန်းစွာကြွေးကြော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်ဘေးဥပဒ်နှင့်ကြုံတွေ့ရသောအချိန်တွင် ကိုယ်တော်သည် အကျွန်ုပ်၏ခိုကိုးရာနှင့် ဘေးလွတ်ရာဖြစ်တော်မူ၏။ |
|
| 17 |
|
| အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်ဖြစ်တော်မူ၏။ |
|
|
|
|