|
| 1 |
|
| အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ |
|
| 2 |
|
| ကိုယ်တော်သည် မြေကြီးကို တုန်ခါစေ၍ ၎င်းကိုကွဲအက်စေခဲ့ပါ၏။ ထိုကွဲအက်ရာတို့ကို ပြုပြင်တော်မူပါ။ အကြောင်းမူကား ၎င်းသည် တုန်လှုပ်လျက်ရှိပါ၏။ |
|
| 3 |
|
| ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ကြမ်းတမ်းမှုများနှင့် ကြုံတွေ့စေခဲ့ပါ၏။ ဒယီးဒယိုင်ဖြစ်စေသောစပျစ်ဝိုင်ကို အကျွန်ုပ်တို့အားတိုက်ခဲ့ပါ၏။ |
|
| 4 |
|
| ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် လေးသမားရှေ့မှထွက်ပြေးနိုင်ရန် အချက်ပြအလံကို ကိုယ်တော်လွှင့်ထူပေးခဲ့ပါ၏။ |
|
| 5 |
|
| ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။ |
|
| 6 |
|
| ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ “ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။ |
|
| 7 |
|
| ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။ |
|
| 8 |
|
| မောဘပြည်သည် ငါ၏ခြေဆေးအိုးဖြစ်၏။ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကိုငါပစ်ချမည်။ ဖိလိတ္တိပြည်ကို အောင်နိုင်သောကြောင့် ငါကြွေးကြော်မည်”ဟူ၍ဖြစ်၏။ |
|
| 9 |
|
| ငါ့ကို ခံတပ်မြို့သို့ မည်သူခေါ်ဆောင်သွားမည်နည်း။ ငါ့ကိုဧဒုံပြည်သို့ မည်သူပို့ဆောင်ပေးမည်နည်း။ |
|
| 10 |
|
| အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။ |
|
| 11 |
|
| ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။ အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။ |
|
| 12 |
|
| ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။ |
|
|
|
|