မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| အို ဘုရားသခင်၊ အကျွန်ုပ်၏ဟစ်ကြော်သံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ဆုတောင်းချက်ကို အာရုံစိုက်နားထောင်တော်မူပါ။ |
| 2 |
| အကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်သောအခါ ကိုယ်တော်ကို ကမ္ဘာမြေကြီးအစွန်းမှ ခေါ်ပါ၏။ အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။ |
| 3 |
| အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ၊ ရန်သူ့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ |
| 4 |
| ကိုယ်တော်၏တဲတော်၌အစဉ်အမြဲနေထိုင်၍ ကိုယ်တော်၏အတောင်တော်ကွယ်ကာရာအရပ်၌ ခိုလှုံခွင့်ပေးတော်မူပါ။ |
| 5 |
| အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။ |
| 6 |
| ရှင်ဘုရင်၏နေ့ရက်များကို ထပ်၍တိုးပေးတော်မူပါ။ သူ၏နှစ်ကာလတို့ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေတော်မူပါ။ |
| 7 |
| သူသည် ဘုရားသခင်၏ရှေ့တော်၌ အစဉ်အမြဲစိုးစံပါစေသော။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် သူ့ကိုကာကွယ်စောင့်ရှောက်မည့်အကြောင်း စီရင်တော်မူပါ။ |
| 8 |
| သို့ဖြစ်၍ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေရန် ကိုယ်တော်၏နာမတော်ကို ထာဝစဉ်သီဆိုချီးမွမ်းပါမည်။ |
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/061.mp3
150
61