မြန်မာ့စံမီသမ္မာကျမ်း
|
| 1 |
| အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်၏နာမတော်သည် နီးသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ လူတို့သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ပြောကြားကြပါ၏။ |
| 2 |
| “ငါရွေးချယ်သတ်မှတ်ထားသောအချိန်၌ ငါသည် သမာသမတ်ရှိစွာတရားစီရင်မည်။ |
| 3 |
| မြေကြီးနှင့် မြေကြီးပေါ်၌ နေထိုင်သောသူအပေါင်းတို့သည် စိုးရိမ်တုန်လှုပ်ကြသောအခါ ငါသည် မြေကြီး၏တိုင်တို့ကို တည်ငြိမ်စေ၏။ |
| 4 |
| ဝါကြွားသောသူတို့အား ‘မဝါကြွားကြနှင့်’ ဟူ၍လည်းကောင်း၊ ဆိုးယုတ်သောသူတို့အား ‘ချိုမထောင်ကြနှင့်။ |
| 5 |
| အထက်ကောင်းကင်ထိတိုင်အောင် သင်တို့ချိုမထောင်ကြနှင့်။ မောက်မာစွာမပြောဆိုကြနှင့်’ ဟူ၍လည်းကောင်း ငါမိန့်ဆို၏။” |
| 6 |
| အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်၊ အနောက်အရပ်၊ သို့မဟုတ် တောကန္တာရအရပ်မှလာသည်မဟုတ်။ |
| 7 |
| တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။ |
| 8 |
| အကြောင်းမူကား ထာဝရဘုရား၏လက်တော်၌ခွက်ဖလားရှိ၍ ၎င်းထဲတွင် သမအောင်ရောစပ်ထားသည့် အမြှုပ်ထနေသောစပျစ်ဝိုင်ရှိ၏။ ကိုယ်တော်သည် ထိုစပျစ်ဝိုင်ကိုသွန်ချတော်မူ၍ ကမ္ဘာမြေကြီးပေါ်ရှိဆိုးယုတ်သောသူအပေါင်းတို့သည် ၎င်း၏အနည်ကိုပင် အကုန်အစင် သောက်ကြရလိမ့်မည်။ |
| 9 |
| ငါမူကား ကိုယ်တော်အကြောင်းကို အစဉ်အမြဲပြောကြား၍ ယာကုပ်၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။ |
| 10 |
| “ဆိုးယုတ်သောသူတို့၏ဦးချိုရှိသမျှတို့ကို ငါပိုင်းဖြတ်မည်။ ဖြောင့်မတ်သောသူတို့၏ဦးချိုသည် ချီးမြှောက်ခြင်းခံရလိမ့်မည်။” |
|
| မှတ်စုများကိုသိမ်းဆည်းပါ |
https://beblia.bible:81/BibleAudio/burmesemsbu/psalms/075.mp3
150
75