|
| 1 |
|
| ဗေဇလေလသည် အလျားနှစ်တောင့်ထွာ ၊ အနံတစ်တောင့်ထွာ ၊ အမြင့်တစ်တောင့်ထွာရှိသောသေတ္တာကို အကေရှား သစ်သားဖြင့်လုပ်၍ |
|
| 2 |
|
| သေတ္တာ၏အတွင်းအပြင်ကို ရွှေစင်ဖြင့်မွမ်းမံပြီး ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ |
|
| 3 |
|
| ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ဆင်၏။ |
|
| 4 |
|
| အကေရှား သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ |
|
| 5 |
|
| သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိ ကွင်းများထဲသို့ လျှိုထား၏။ |
|
| 6 |
|
| အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာရှိသော ကရုဏာတော်ပလ္လင် ကိုလည်း ရွှေစင်ဖြင့်လုပ်၏။ |
|
| 7 |
|
| ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ် နှစ်ပါးကို ရွှေဖြင့်ထုလုပ်၏။ |
|
| 8 |
|
| ခေရုဗိမ် တစ်ပါးကို အစွန်းတစ်ဖက်၌လည်းကောင်း၊ ကျန်ခေရုဗိမ်တစ်ပါးကို အခြားအစွန်းတစ်ဖက်၌လည်းကောင်း ခေရုဗိမ်တို့ကို ကရုဏာတော်ပလ္လင် နှင့်တစ်သားတည်းဖြစ်အောင် ပလ္လင်၏အစွန်းနှစ်ဖက်တွင် ထုလုပ်ထား၏။ |
|
| 9 |
|
| ခေရုဗိမ် တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင် ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိ၏။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင် ဘက်သို့ မျက်နှာမူ၏။ |
|
| 10 |
|
| အလျားနှစ်တောင် ၊ အနံတစ်တောင် ၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှား သစ်သားဖြင့်လုပ်၍ |
|
| 11 |
|
| ရွှေစင်ဖြင့်မွမ်းမံ၏။ အနားပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ |
|
| 12 |
|
| အနားပတ်ပတ်လည်၌ လက်တစ်ဝါး အကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ |
|
| 13 |
|
| ထိုစားပွဲအတွက် ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ ထိုကွင်းများကို စားပွဲ၏ခြေလေးချောင်းရှိ ထောင့်လေးထောင့်၌ တပ်ဆင်၏။ |
|
| 14 |
|
| ထိုကွင်းများသည် စားပွဲကိုထမ်းရန်ထမ်းပိုးများလျှိုစရာအဖြစ် ဘောင်နှင့်ကပ်လျက်ရှိ၏။ |
|
| 15 |
|
| အကေရှား သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုထမ်းပိုးများဖြင့် စားပွဲကိုထမ်း၏။ |
|
| 16 |
|
| ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။ |
|
| 17 |
|
| ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။ |
|
| 18 |
|
| ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်၏။ |
|
| 19 |
|
| အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူကြ၏။ |
|
| 20 |
|
| ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိ၏။ |
|
| 21 |
|
| ဆီမီးခုံမှထွက်သောအလက်ခြောက်လက်တွင် အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု ရှိ၏။ |
|
| 22 |
|
| အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။ |
|
| 23 |
|
| ဆီမီးခုံရှိ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးကျီးခံဗန်းတို့ကို ရွှေစင်ဖြင့် ထုလုပ်ထား၏။ |
|
| 24 |
|
| ဆီမီးခုံမှစ၍ ဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကို ရွှေစင်တစ်တာလန် နှင့် ထုလုပ်ထား၏။ |
|
| 25 |
|
| နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှား သစ်သားဖြင့်လုပ်ထား၏။ ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်ရှိ၏။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။ |
|
| 26 |
|
| ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံ၏။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ |
|
| 27 |
|
| ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ထား၏။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ကိုထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်၏။ |
|
| 28 |
|
| ထမ်းပိုးတို့ကို အကေရှား သစ်သားဖြင့်လုပ်၍ ရွှေဖြင့်မွမ်းမံ၏။ |
|
| 29 |
|
| အမွှေးနံ့သာဖော်စပ်နည်းအတိုင်း သန့်ရှင်းသောဘိသိက်ဆီ၊ စင်ကြယ်သောအမွှေးနံ့သာပေါင်းတို့ကို ဖော်စပ်၏။ |
|
|
|
|