|
| 1 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေအား |
|
| 2 |
|
| “ပထမလ၏ပထမနေ့၌ သင်သည် တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၍ |
|
| 3 |
|
| ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။ |
|
| 4 |
|
| စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။ |
|
| 5 |
|
| နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။ |
|
| 6 |
|
| တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ မီးရှို့ရာယဇ်ပလ္လင်ကို ထားရမည်။ |
|
| 7 |
|
| တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အကြား၌ အင်တုံကိုထား၍ ရေကိုထည့်ရမည်။ |
|
| 8 |
|
| တဲတော်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်ရမည်။ |
|
| 9 |
|
| ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဘိသိက်သွန်း၍ ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုအခါ ကိန်းဝပ်တော်မူရာတဲတော်သည် သန့်ရှင်းလိမ့်မည်။ |
|
| 10 |
|
| မီးရှို့ရာယဇ်ပလ္လင်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကိုလည်း ဘိသိက်သွန်း၍ ယဇ်ပလ္လင်ကိုသန့်ရှင်းစေရမည်။ ထိုအခါ အထူးသန့်ရှင်းသောယဇ်ပလ္လင် ဖြစ်လိမ့်မည်။ |
|
| 11 |
|
| အင်တုံနှင့်အင်တုံ၏ခြေတိုင်ကို ဘိသိက်သွန်း၍ သန့်ရှင်းစေရမည်။ |
|
| 12 |
|
| အာရုန်နှင့်သူ၏သားတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့်ဆေးကြောပြီးလျှင် |
|
| 13 |
|
| အာရုန်ကို သန့်ရှင်းသောအဝတ်တန်ဆာ ဝတ်ဆင်ပေးရမည်။ သူသည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌ အမှုတော်ကိုဆောင်ရွက်ရန် သူ့ကိုဘိသိက်ပေး၍ သန့်ရှင်းစေရမည်။ |
|
| 14 |
|
| သူ၏သားတို့ကိုလည်း ခေါ်လာ၍ သူတို့အား အတွင်းသင်တိုင်းကို ဝတ်ဆင်ပေးရမည်။ |
|
| 15 |
|
| သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။ |
|
| 16 |
|
| မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်း ပြုလေ၏။ |
|
| 17 |
|
| ဒုတိယနှစ်၊ ပထမလ၏ပထမနေ့၌ ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၏။ |
|
| 18 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။ |
|
| 19 |
|
| ကိန်းဝပ်တော်မူရာတဲတော်အပေါ်တွင် တဲတော်ကိုဖြန့်မိုး၍ ထိုအပေါ်တွင် တဲတော်အမိုးကို ထပ်မိုး၏။ |
|
| 20 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင် ကိုတင်၏။ |
|
| 21 |
|
| သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။ |
|
| 22 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စားပွဲကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏မြောက်ဘက်ခြမ်း ကန့်လန့်ကာအပြင်ဘက်တွင် ထား၍ |
|
| 23 |
|
| ထာဝရဘုရားရှေ့တော်၊ စားပွဲပေါ်၌ မုန့်ကို နေရာတကျခင်းကျင်း၏။ |
|
| 24 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဆီမီးခုံကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်ခြမ်း စားပွဲနှင့်မျက်နှာချင်းဆိုင်ထား၍ |
|
| 25 |
|
| ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းထား၏။ |
|
| 26 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရွှေယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကန့်လန့်ကာရှေ့၌ထား၍ |
|
| 27 |
|
| ယဇ်ပလ္လင်ပေါ်၌ အမွှေးနံ့သာပေါင်းကိုရှို့၏။ |
|
| 28 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာကိုတပ်၏။ |
|
| 29 |
|
| မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။ |
|
| 30 |
|
| မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်ကြား၌ထား၍ ဆေးကြောရန်ရေကို အင်တုံထဲ၌ ထည့်ထား၏။ |
|
| 31 |
|
| မောရှေနှင့်တကွ အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရ၏။ |
|
| 32 |
|
| သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ယဇ်ပလ္လင်သို့ချဉ်းကပ်သောအခါ၌ဖြစ်စေ ထိုအင်တုံ၌ မိမိတို့ခြေလက်ကိုဆေးကြောကြ၏။ |
|
| 33 |
|
| ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။ |
|
| 34 |
|
| ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။ |
|
| 35 |
|
| မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ပေါ်၌တည်နေ၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိသောကြောင့် မောရှေသည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ မဝင်နိုင်ပေ။ |
|
| 36 |
|
| အစ္စရေးအမျိုးသားတို့သည် သူတို့၏ခရီးလမ်းတစ်လျှောက်လုံးတွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ မိုးတိမ်ကွာသောအခါ ခရီးပြုကြ၏။ |
|
| 37 |
|
| မိုးတိမ်မကွာလျှင် ကွာသောနေ့အထိ သူတို့သည် ခရီးမပြုဘဲနေကြ၏။ |
|
| 38 |
|
| ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | | ၁၉ | | ၂၀ | | ၂၁ | | ၂၂ | | ၂၃ | | ၂၄ | | ၂၅ | | ၂၆ | | ၂၇ | | ၂၈ | | ၂၉ | | ၃၀ | | ၃၁ | | ၃၂ | | ၃၃ | | ၃၄ | | ၃၅ | | ၃၆ | | ၃၇ | | ၃၈ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesemsbu/exodus/040.mp3
40
40