|
| 1 |
|
| ပညာရှိသောသားသည် ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်တတ်၏။ ပြက်ရယ်ပြုသောသားမူကား ဆုံးမစကားကို နားမထောင်တတ်။ |
|
| 2 |
|
| လူသည် မိမိနှုတ်၏အသီးအပွင့်မှ ကောင်းသောအရာကိုစားရ၏။ သစ္စာမဲ့သောသူတို့၏စိတ်ဆန္ဒကား ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။ |
|
| 3 |
|
| မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ |
|
| 4 |
|
| ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။ |
|
| 5 |
|
| ဖြောင့်မတ်သောသူသည် မုသားစကားကို မုန်း၏။ ဆိုးယုတ်သောသူမူကား စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ မျက်နှာပျက်ရတတ်၏။ |
|
| 6 |
|
| ဖြောင့်မတ်ခြင်းသည် တည်ကြည်သောလမ်းသို့လိုက်သောသူကို ကာကွယ်စောင့်ရှောက်တတ်၏။ ဆိုးယုတ်ခြင်းမူကား အပြစ်သားကို မှားယွင်းချွတ်ချော်စေတတ်၏။ |
|
| 7 |
|
| ဘာမျှမရှိဘဲလျက် ချမ်းသာဟန်ဆောင်သောသူရှိ၏။ စည်းစိမ်ဥစ္စာများစွာရှိလျက်နှင့် ဆင်းရဲဟန်ဆောင်သောသူရှိ၏။ |
|
| 8 |
|
| လူ၏ဓနဥစ္စာသည် သူ့အသက်ကိုပြန်ရွေးသော အဖိုးအခဖြစ်၏။ ဆင်းရဲသောသူမူကား မည်သည့်ခြိမ်းခြောက်သံကိုမျှ မကြားရပေ။ |
|
| 9 |
|
| ဖြောင့်မတ်သောသူတို့၏အလင်းသည် ထွန်းလင်းတောက်ပလိမ့်မည် ။ ဆိုးယုတ်သောသူတို့၏မီးခွက်မူကား ငြိမ်းလိမ့်မည်။ |
|
| 10 |
|
| မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။ |
|
| 11 |
|
| လွယ်လွယ်ရသောစည်းစိမ်ဥစ္စာသည် လျော့နည်းသွားတတ်၏။ နည်းနည်းချင်းစုဆောင်းသောသူမူကား စည်းစိမ်ဥစ္စာကိုတိုးပွားစေတတ်၏။ |
|
| 12 |
|
| မျှော်မှန်းသောအရာကြန့်ကြာနေပါက စိတ်မသာမယာဖြစ်တတ်၏။ အလိုဆန္ဒပြည့်ဝခြင်းမူကား အသက်ပင်သဖွယ်ဖြစ်၏။ |
|
| 13 |
|
| နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။ |
|
| 14 |
|
| ပညာရှိသောသူ၏သွန်သင်ချက်သည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှဖယ်ခွာစေတတ်၏။ |
|
| 15 |
|
| ကောင်းသောဉာဏ်စွမ်းသည် မျက်နှာရစေတတ်၏။ သစ္စာမဲ့သောသူ၏လမ်းခရီးကား ကြမ်းတမ်း၏။ |
|
| 16 |
|
| ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။ |
|
| 17 |
|
| ဆိုးယုတ်သောစေတမန်သည် ဒုက္ခတွင်းထဲသို့ကျရောက်တတ်၏။ သစ္စာရှိသောသံတမန်မူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။ |
|
| 18 |
|
| ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။ |
|
| 19 |
|
| အလိုဆန္ဒပြည့်ဝခြင်းသည် စိတ်ဝိညာဉ်အတွက် နှစ်သက်ဖွယ်ဖြစ်၏။ သို့သော် မကောင်းမှုမှဖယ်ခွာခြင်းသည် မိုက်မဲသောသူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ |
|
| 20 |
|
| ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။ |
|
| 21 |
|
| ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။ |
|
| 22 |
|
| သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။ |
|
| 23 |
|
| ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။ |
|
| 24 |
|
| ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။ |
|
| 25 |
|
| ဖြောင့်မတ်သောသူသည် မိမိစိတ်ဆန္ဒ ပြည့်စုံကြွယ်ဝသည့်တိုင်အောင် စားရ၏။ ဆိုးယုတ်သောသူတို့၏ဝမ်းမူကား ဟာနေလိမ့်မည်။ |
|
|
|
|