|
| 1 |
|
| ဉာဏ်ပညာသည် ဟစ်ခေါ်၍ ထိုးထွင်းဉာဏ်သည် မိမိ၏အသံကိုလွှင့်သည်မဟုတ်လော။ |
|
| 2 |
|
| ၎င်းသည် မြင့်သောအရပ်၏ထိပ်၊ လမ်းဘေး၊ လမ်းဆုံလမ်းခွတို့၌ရပ်လျက် |
|
| 3 |
|
| မြို့တံခါးတို့အနား၊ မြို့အဝင်ဝ၊ တံခါးတို့၏အပေါက်ဝ၌ ကြွေးကြော်သည်မှာ |
|
| 4 |
|
| အချင်းလူတို့၊ သင်တို့ကိုငါခေါ်၏။ ငါ့အသံကို လူသားတို့ထံသို့ ငါလွှင့်၏။ |
|
| 5 |
|
| အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။ |
|
| 6 |
|
| နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။ |
|
| 7 |
|
| အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်သည် သမ္မာတရားကိုပြောဆို၍ ငါ၏နှုတ်ခမ်းသည် ဆိုးယုတ်မှုကိုစက်ဆုပ်ရွံရှာ၏။ |
|
| 8 |
|
| ငါ၏နှုတ်ထွက်စကားရှိသမျှသည် ဖြောင့်မတ်၍ ၎င်းတို့တွင် ဉာဏ်များသောသဘော၊ ကောက်ကျစ်သောသဘောမရှိ။ |
|
| 9 |
|
| ထိုစကားအားလုံးတို့သည် အသိဉာဏ်ရှိသောသူအတွက် မှန်ကန်၍ အသိပညာကိုတွေ့ရှိသောသူတို့အတွက် ဖြောင့်မှန်၏။ |
|
| 10 |
|
| ငွေအစား ငါ၏ဆုံးမပဲ့ပြင်ခြင်းကိုရယူကြလော့။ ရွှေစင်အစား အသိပညာကို ရယူကြလော့။ |
|
| 11 |
|
| အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။ |
|
| 12 |
|
| ငါ ဉာဏ်ပညာသည် ဆင်ခြင်ဉာဏ်နှင့်အတူနေ၍ အလိမ္မာဉာဏ်နှင့်ဆိုင်သောအသိပညာကို ငါတွေ့၏။ |
|
| 13 |
|
| ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။ |
|
| 14 |
|
| ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။ |
|
| 15 |
|
| ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရ၍ အုပ်ချုပ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို ပြဋ္ဌာန်းနိုင်ကြ၏။ |
|
| 16 |
|
| အကြီးအကဲများ၊ မင်းအရာရှိများနှင့် ဖြောင့်မတ်စွာတရားစီရင်သောသူအားလုံးတို့သည် ငါ့အားဖြင့် အုပ်စိုးရကြ၏။ |
|
| 17 |
|
| ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။ |
|
| 18 |
|
| ဓနဥစ္စာနှင့်ဂုဏ်သရေ၊ တည်မြဲသောစည်းစိမ်ဥစ္စာနှင့် ဖြောင့်မတ်ခြင်းသည် ငါနှင့်အတူရှိ၏။ |
|
| 19 |
|
| ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။ ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။ |
|
| 20 |
|
| ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားမျှတခြင်းလမ်း၏အလယ်၌ လျှောက်သွား၍ |
|
| 21 |
|
| ငါ့ကိုချစ်သောသူတို့အား စည်းစိမ်ချမ်းသာကိုအမွေဆက်ခံစေလျက် သူတို့၏ဘဏ္ဍာတိုက်များကို ပြည့်စေ၏။ |
|
| 22 |
|
| ထာဝရဘုရားသည် ရှေးယခင် မိမိ၏အမှုတော်များကိုမစတင်မီ၊ မိမိလုပ်ဆောင်မှု၏အစအဦးကပင် ငါ့ကိုပိုင်သတော်မူ၏။ |
|
| 23 |
|
| ထာဝရကာလ၊ ကနဦးကာလ၊ မြေကြီးကိုမဖန်ဆင်းမီကာလကပင် ငါသည် ခန့်အပ်ထားခြင်းခံရပြီ။ |
|
| 24 |
|
| နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ |
|
| 25 |
|
| တောင်များကိုမဖြစ်ပေါ်စေမီ၊ တောင်ကုန်းများမရှိမီ၊ |
|
| 26 |
|
| မြေကြီး၊ ကွင်းပြင်များနှင့် ကမ္ဘာကြီး၏အဦးဆုံးသောမြေမှုန့်များကို ဖန်ဆင်းတော်မမူမီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ |
|
| 27 |
|
| မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊ |
|
| 28 |
|
| အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊ |
|
| 29 |
|
| ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း |
|
| 30 |
|
| ငါသည် လက်မှုပညာရှင်ကဲ့သို့ ကိုယ်တော်၏အနားတွင်ရှိ၍ နေ့စဉ်နေ့တိုင်း ကိုယ်တော်၏ကြည်နူးတော်မူရာဖြစ်ခဲ့ပြီး ရှေ့တော်၌ အစဉ်အမြဲပျော်မြူး၏။ |
|
| 31 |
|
| ငါသည် ကိုယ်တော်၏ကမ္ဘာမြေကြီးတစ်ခုလုံးအတွက် ပျော်မြူး၍ လူသားတို့၌ ကြည်နူးလျက်နေ၏။ |
|
| 32 |
|
| သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။ |
|
| 33 |
|
| ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်၍ ဉာဏ်ပညာရှိကြလော့။ ၎င်းကိုလျစ်လျူမရှုကြနှင့်။ |
|
| 34 |
|
| ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။ |
|
| 35 |
|
| အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။ |
|
| 36 |
|
| ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။ |
|
|
|
|