|
| 1 |
|
| ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန် ၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။ |
|
| 2 |
|
| ထိုနေ့ရက်၌ သာယာသောစပျစ်ဥယျာဉ်အကြောင်းကို သီဆိုကြလော့။ |
|
| 3 |
|
| ငါထာဝရဘုရားသည် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ မကြာခဏ ရေလောင်းပေး၏။ မည်သူမျှ မဖျက်ဆီးစေရန် နေ့ညမပြတ် စောင့်ရှောက်၏။ |
|
| 4 |
|
| ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။ |
|
| 5 |
|
| သို့မဟုတ် သူသည် ငါ့ထံသို့ လာရောက်ခိုလှုံပါစေ။ ငါနှင့်ငြိမ်းချမ်းရေးယူပါစေ။ ငါနှင့်ငြိမ်းချမ်းရေးယူပါစေ။ |
|
| 6 |
|
| နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။ |
|
| 7 |
|
| သူ့ကိုရိုက်နှက်သောသူအား ကိုယ်တော်ဒဏ်ခတ်တော်မူသကဲ့သို့ သူ့ကိုဒဏ်ခတ်တော်မူသလော။ သူ့ကိုသတ်သောသူတို့ အသတ်ခံရသကဲ့သို့ သူအသတ်ခံရသလော။ |
|
| 8 |
|
| ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေ ဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။ |
|
| 9 |
|
| ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။ |
|
| 10 |
|
| ခိုင်ခံ့သောမြို့သည် အထီးကျန်၍ တောကန္တာရကဲ့သို့ စွန့်ခွာသွားခြင်း၊ စွန့်ပစ်ထားခြင်းခံရသောနေရာဖြစ်လိမ့်မည်။ နွားသငယ်သည် ထိုနေရာတွင် ကျက်စားလိမ့်မည်၊ လဲလျောင်းလိမ့်မည်။ ထိုနေရာရှိအခက်အလက်တို့ကို အကုန်အစင်စားလိမ့်မည်။ |
|
| 11 |
|
| အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။ |
|
| 12 |
|
| အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ် လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။ |
|
| 13 |
|
| ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။ |
|
|
|
|