|
| 1 |
|
| သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ |
|
| 2 |
|
| သူသည် မိမိပူဇော်သောနွား၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။ |
|
| 3 |
|
| သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်မှ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊ |
|
| 4 |
|
| ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိ အဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်ကို ယူဆောင်လာ၍ |
|
| 5 |
|
| ၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။ |
|
| 6 |
|
| သူသည် ထာဝရဘုရားအား သိုးဆိတ်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီး၊ သို့မဟုတ် အမကို ပူဇော်ရမည်။ |
|
| 7 |
|
| သိုးသငယ်ကို ပူဇော်လိုလျှင် ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ |
|
| 8 |
|
| သူသည် မိမိပူဇော်သောသိုးသငယ်၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုသိုးသငယ်ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ သတ်ရမည်။ အာရုန်၏သားတို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။ |
|
| 9 |
|
| သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်၏ကျောရိုးနှင့်ဆက်နေသော အမြီးပိုင်းတစ်ခုလုံးမှ ခွာယူသည့်အဆီ၊ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊ |
|
| 10 |
|
| ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိ အဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့်အသည်းပေါ်မှအဆီပျဉ် တို့ကို ယူဆောင်လာ၍ |
|
| 11 |
|
| ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ |
|
| 12 |
|
| သူသည် ဆိတ်ကိုပူဇော်လိုလျှင် ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ |
|
| 13 |
|
| သူသည် ဆိတ်၏ခေါင်းပေါ်၌ မိမိလက်ကိုတင်၍ တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ သတ်ရမည်။ အာရုန်၏သားတို့သည် သွေးကိုယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။ |
|
| 14 |
|
| သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိမိပူဇော်သောယဇ်ကောင်၏အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့် အဆီအားလုံး၊ |
|
| 15 |
|
| ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီ၊ ကျောက်ကပ်တို့နှင့်အတူ အသည်းပေါ်မှခွာယူသည့်အဆီပျဉ်ကို ယူဆောင်လာ၍ |
|
| 16 |
|
| ယဇ်ပုရောဟိတ်သည် မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ အဆီရှိသမျှကို ထာဝရဘုရားပိုင်တော်မူ၏။ |
|
| 17 |
|
| သင်တို့သည် မည်သည့်အဆီ၊ မည်သည့်သွေးကိုမျှ မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ |
|
|
|
|