|
| 1 |
|
| ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။ |
|
| 2 |
|
| “ကြည့်ရှုလော့။ ငါသည် သင့်ကို လူမျိုးတကာတို့အလယ်တွင် သေးသိမ်သောသူ ဖြစ်စေမည်။ သင်သည် မထီမဲ့မြင်ပြုခြင်းကို အပြင်းအထန်ခံရမည်။ |
|
| 3 |
|
| ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။ |
|
| 4 |
|
| သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
|
| 5 |
|
| “ညအချိန် သင့်ကို သူခိုးဓားပြဝင်တိုက်လျှင် သင်မည်မျှဆုံးရှုံးသွားမည်နည်း။ သူတို့လိုချင်သောအရာကိုသာ ယူသွားကြမည်မဟုတ်လော။ သင့်ခြံ၌ စပျစ်သီးလာခူးကြလျှင် ကောက်သင်းကောက်သူအတွက် ချန်ထားတတ်ကြသည်မဟုတ်လော။ |
|
| 6 |
|
| ယခုမူ ဧသောသည် လုယက်ခံရပြီ။ သူ၏အတွင်းဥစ္စာများ မွှေနှောက်ခံရလေပြီ။ |
|
| 7 |
|
| သင်၏မဟာမိတ်အပေါင်းတို့သည် သင့်ကိုနယ်စပ်တိုင်အောင်နှင်ထုတ်လိမ့်မည်။ သင်နှင့်ရင်းနှီးကျွမ်းဝင်သူတို့သည်လည်း သင့်ကိုလှည့်စားအနိုင်ယူလိမ့်မည်။ သင်၏မုန့်ကို စားသောသူတို့သည် သင့်ကို ထောင်ဖမ်းလိမ့်မည်။ သို့သော် ထိုအဖြစ်အပျက်တို့ကို သင်နားလည်နိုင်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
|
| 8 |
|
| “ထိုနေ့ရက်တွင် ဧဒုံပြည်မှ ပညာရှိများ၊ ဧသောတောင်မှ ထိုးထွင်းဉာဏ်ရှိသူတို့ကို ငါဖယ်ရှားပစ်မည်။ |
|
| 9 |
|
| အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။ |
|
| 10 |
|
| သင့်ညီယာကုပ်ကို ရက်စက်ခဲ့သောအမှုကြောင့် သင်သည် အရှက်ကို ခြုံရလိမ့်မည်။ ထာဝရတိမ်မြုပ်သွားရလိမ့်မည်။ |
|
| 11 |
|
| ယာကုပ်၏ဥစ္စာပစ္စည်းများကို သူစိမ်းတို့ သိမ်းယူသွားသောနေ့၊ တစ်ပါးအမျိုးသားတို့ မြို့တံခါးများမှ ဝင်ရောက်လာပြီး ဂျေရုဆလင်မြို့ကို မဲချသောနေ့တွင် သင်သည်ဘေးမှရပ်ကြည့်နေ၏။ သင်သည် ထိုသူတို့နှင့်အလိုတူအလိုပါဖြစ်၏။ |
|
| 12 |
|
| သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့် ။ |
|
| 13 |
|
| ငါ့လူမျိုးတော် ဘေးဒုက္ခရောက်သောနေ့တွင် သင်သည် သူ၏မြို့တံခါးထဲသို့ မဝင်သင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့ဘေးရောက်သည်ကို သင်ကြည့်မနေသင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့၏ဥစ္စာပစ္စည်းကို သင်မသိမ်းယူသင့်။ |
|
| 14 |
|
| ထွက်ပြေးလွတ်မြောက်လာသူများကို သုတ်သင်ပစ်ရန် လမ်းဆုံလမ်းခွ၌ သင်စောင့်မနေသင့်။ ဆင်းရဲဒုက္ခနေ့တွင် အသက်ရှင်ကျန်ရစ်သူများကို ရန်သူ့လက်သို့ သင်မအပ်နှံသင့်။ |
|
| 15 |
|
| အကယ်စင်စစ် လူမျိုးတကာတို့ကို စီရင်မည့် ထာဝရဘုရားနေ့တော်သည် ရောက်လုနီးပြီ။ ထိုနေ့တွင်သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ သင်ပြုသမျှ သင့်ခေါင်းပေါ်ပြန်ရောက်လိမ့်မည်။ |
|
| 16 |
|
| ငါ၏သန့်ရှင်းသောတောင်ပေါ်တွင် သင်တို့သောက်ခဲ့ရသကဲ့သို့ လူမျိုးတကာတို့သည်လည်း အစဉ်မပြတ်သောက်ရလိမ့်မည်။ သူတို့သည် သောက်၍မျိုချပြီး မဖြစ်စဖူးအဖြစ်မျိုး ကြုံရလိမ့်မည်။ |
|
| 17 |
|
| သို့သော် ဇိအုန်တောင်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိလိမ့်မည်။ ထိုတောင်သည် သန့်ရှင်းရာတောင်ဖြစ်၍ ယာကုပ်အမျိုးအနွယ်တို့သည် အမွေအဖြစ် ပိုင်ဆိုင်ရလိမ့်မည်။ |
|
| 18 |
|
| ယာကုပ်အမျိုးအနွယ်သည် မီး၊ ယောသပ်အမျိုးအနွယ်သည် မီးလျှံဖြစ်၏။ ရိုးပြတ်နှင့်တူသော ဧသောအမျိုးအနွယ်ကို သူတို့သည် မီးညှိလိုက်သဖြင့် ဧသောအမျိုးအနွယ်ကိုဝါးမျိုလိမ့်မည်။ ဧသောအမျိုးအနွယ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိမည်မဟုတ်”ဟု ထာဝရဘုရားမိန့်ဆိုပြီ။ |
|
| 19 |
|
| တောင်ပိုင်းသားတို့သည် ဧသောတောင်ကို ပိုင်ဆိုင်ရလိမ့်မည်။ မြေနိမ့်သားတို့သည် ဖိလိတ္တိပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ ဧဖရိမ်ပြည်၊ ရှမာရိပြည်တို့ကိုလည်း ပိုင်ဆိုင်လိမ့်မည်။ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ |
|
| 20 |
|
| ဖမ်းခေါ်သွားခြင်းခံရသော အစ္စရေးလူမျိုးအလုံးအရင်းတို့သည် ခါနာန်ပြည်ကို ဇရတ္တမြို့တိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။ ဖမ်းခေါ်သွားခြင်းခံရ၍ သေဖရဒ်ပြည်သို့ရောက်ရှိသွားသော ဂျေရုဆလင်မြို့သားတို့သည် နေဂေ့အရပ်ရှိမြို့များကို ပိုင်ဆိုင်ရလိမ့်မည်။ |
|
| 21 |
|
| ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | | ၁၉ | | ၂၀ | | ၂၁ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesemsbu/obadiah/001.mp3
1
1