|
| 1 |
|
| တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား |
|
| 2 |
|
| “အစ္စရေးအမျိုးသားအသီးသီးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအမှတ်လက္ခဏာပါသည့်အလံနားတွင် စခန်းချရမည်။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်မျက်နှာမူလျက် ပတ်ပတ်လည်တွင် စခန်းချရမည်။ |
|
| 3 |
|
| ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 4 |
|
| နာရှုန်တပ်ဖွဲ့ရှိလူအရေအတွက်မှာ ခုနစ်သောင်းလေးထောင့်ခြောက်ရာ ဖြစ်၏။ |
|
| 5 |
|
| ယုဒတပ်ဖွဲ့၏ဘေးတွင် ဣသခါအမျိုးအနွယ် စခန်းချရမည်။ ဇုအာ၏သား နာသနေလသည် ဣသခါအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 6 |
|
| နာသနေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းလေးထောင့်လေးရာ ဖြစ်၏။ |
|
| 7 |
|
| ထို့နောက် ဇာဗုလုန်အမျိုးအနွယ် စခန်းချရမည်။ ဟေလုန်၏သား ဧလျာဘသည် ဇာဗုလုန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 8 |
|
| ဧလျာဘတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းခုနစ်ထောင့်လေးရာ ဖြစ်၏။ |
|
| 9 |
|
| တပ်ဖွဲ့အလိုက် ယုဒတပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းခြောက်ထောင့်လေးရာ ဖြစ်၏။ သူတို့သည် ရှေ့ဆုံးနေရာမှ ခရီးပြုရမည်။ |
|
| 10 |
|
| ရုဗင်တပ်စခန်း၏အလံနားရှိ ရုဗင်တပ်ဖွဲ့သည် တောင်ဘက်၌ စခန်းချရမည်။ ရှေဒုရ၏သား ဧလိဇုရသည် ရုဗင်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 11 |
|
| ဧလိဇုရတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းခြောက်ထောင့်ငါးရာ ဖြစ်၏။ |
|
| 12 |
|
| ရုဗင်တပ်ဖွဲ့၏ဘေးတွင် ရှိမောင်အမျိုးအနွယ် စခန်းချရမည်။ ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလသည် ရှိမောင်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 13 |
|
| ရှေလုမျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းကိုးထောင့်သုံးရာ ဖြစ်၏။ |
|
| 14 |
|
| ထို့နောက် ဂဒ်အမျိုးအနွယ် စခန်းချရမည်။ ရွေလ၏သား ဧလျာသပ်သည် ဂဒ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 15 |
|
| ဧလျာသပ်တပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းငါးထောင့်ခြောက်ရာ့ငါးဆယ် ဖြစ်၏။ |
|
| 16 |
|
| တပ်ဖွဲ့အလိုက် ရုဗင်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းတစ်ထောင့်လေးရာ့ငါးဆယ် ဖြစ်၏။ သူတို့သည် ဒုတိယနေရာမှ ခရီးပြုရမည်။ |
|
| 17 |
|
| ထို့နောက်မှ လေဝိတပ်ဖွဲ့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုသယ်ဆောင်လျက် တပ်ဖွဲ့များ၏အလယ်မှနေ၍ ခရီးပြုရမည်။ သူတို့သည် စခန်းချသည့်အတိုင်း မိမိတို့၏အလံနှင့်အတူ အသီးသီးကိုယ့်နေရာနှင့်ကိုယ် ခရီးပြုရမည်။ |
|
| 18 |
|
| ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 19 |
|
| ဧလိရှမာတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းငါးရာ ဖြစ်၏။ |
|
| 20 |
|
| ဧဖရိမ်တပ်ဖွဲ့၏ဘေးတွင် မနာရှေအမျိုးအနွယ် စခန်းချရမည်။ ပေဒါဇုရ၏သား ဂါမလျေလသည် မနာရှေအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 21 |
|
| ဂါမလျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ သုံးသောင်းနှစ်ထောင့်နှစ်ရာ ဖြစ်၏။ |
|
| 22 |
|
| ထို့နောက် ဗင်္ယာမိန်အမျိုးအနွယ် စခန်းချရမည်။ ဂိဒေါနိ၏သား အဘိဒန်သည် ဗင်္ယာမိန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 23 |
|
| အဘိဒန်တပ်ဖွဲ့ရှိလူအရေအတွက်မှာ သုံးသောင်းငါးထောင့်လေးရာ ဖြစ်၏။ |
|
| 24 |
|
| တပ်ဖွဲ့အလိုက် ဧဖရိမ်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်ထောင့်တစ်ရာ ဖြစ်၏။ သူတို့သည် တတိယနေရာမှ ခရီးပြုရမည်။ |
|
| 25 |
|
| ဒန်တပ်စခန်း၏အလံနားရှိ ဒန်တပ်ဖွဲ့သည် မြောက်ဘက်၌ စခန်းချရမည်။ အမိရှဒ္ဒဲ၏သား အဟေဇာသည် ဒန်အမျိုးသားတို့၏ခေါင်းဆောင်ဖြစ်ရမည်။ |
|
| 26 |
|
| အဟေဇာတပ်ဖွဲ့ရှိလူအရေအတွက်မှာ ခြောက်သောင်းနှစ်ထောင့်ခုနစ်ရာ ဖြစ်၏။ |
|
| 27 |
|
| ဒန်တပ်ဖွဲ့၏ဘေးတွင် အာရှာအမျိုးအနွယ် စခန်းချရမည်။ ဩကရန်၏သား ပါဂျေလသည် အာရှာအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 28 |
|
| ပါဂျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းတစ်ထောင့်ငါးရာ ဖြစ်၏။ |
|
| 29 |
|
| ထို့နောက် နဿလိအမျိုးအနွယ် စခန်းချရမည်။ ဧနန်၏သား အဟိရသည် နဿလိအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
|
| 30 |
|
| အဟိရတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းသုံးထောင့်လေးရာ ဖြစ်၏။ |
|
| 31 |
|
| တပ်ဖွဲ့အလိုက် ဒန်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းခုနစ်ထောင့်ခြောက်ရာ ဖြစ်၏။ သူတို့သည် မိမိတို့၏အလံနှင့်အတူ နောက်ဆုံးနေရာမှ ခရီးပြုရမည်”ဟု မိန့်တော်မူ၏။ |
|
| 32 |
|
| ဤသည်ကား ဘိုးဘေးအိမ်ထောင်စုအလိုက် အစ္စရေးအမျိုးသားတို့၏အရေအတွက် ဖြစ်၏။ သူတို့တပ်ဖွဲ့အလိုက် တပ်စခန်းများရှိလူအရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ် ဖြစ်၏။ |
|
| 33 |
|
| မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။ |
|
| 34 |
|
| အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။ |
|
|
: |
| ၁ | | ၂ | | ၃ | | ၄ | | ၅ | | ၆ | | ၇ | | ၈ | | ၉ | | ၁၀ | | ၁၁ | | ၁၂ | | ၁၃ | | ၁၄ | | ၁၅ | | ၁၆ | | ၁၇ | | ၁၈ | | ၁၉ | | ၂၀ | | ၂၁ | | ၂၂ | | ၂၃ | | ၂၄ | | ၂၅ | | ၂၆ | | ၂၇ | | ၂၈ | | ၂၉ | | ၃၀ | | ၃၁ | | ၃၂ | | ၃၃ | | ၃၄ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/burmesemsbu/numbers/002.mp3
36
2