× ဘာသာစကား ဥရောပ ရုရှန် ဘီလာရု ယူကရိန်း အရောင်တင် ဆားဗီး ဘူဂေးရီးယား လိုဗက်ကီယား ခကျြခကျြ ရိုမေးနီးယား မော်လ်ဒိုဗာ အဇာဘိုင်ဂျန် နေီအနျ ဂျြောဂြီယနျ လျဘေးနီးယနျး Avar Bashkir Tatar ခြခေငျြး စလိုဗေးနီး ခရိုအရှေ တိုးနီးရနျး ဘီအံ အာနီယံ ဟနျဂရေီ ဖင်လန် နျော ဆွီဒင် လန် ဂရိ မက်ဆီဒိုးနီးယား ဂျာမန် ဘာဗာရီယန် ဒတျချြ ဒိန်းမတ် ဝလေဝလေ ဂေလစ် အိုင်းရစ်ရှ် ပြင်သစ် ဘစျက် ကက်တလန် အီတလီ ဂလာတိ Romani Bosnian Kabardian မြောက်အမေရိက အင်္ဂလိပ် တောင်အမေရိက စပိန် ပေါ်တူဂီ ဂူအာရာနီ ကွီချွမ် အေမရာ အမေရိကအလယ်ပိုင်း ဂျမေကာ Nahuatl ကီချီ Q'eqchi ဟာအီတီ အရှေ့အာရှ တရုတ် ဂျပန် ကိုရီးယား မွန်ဂို ဥဂါးရး မုံ Tibetian အရှေ့တောင်အာရှ မလေးရှား မြန်မာ ဟားခါးချင်း နီပေါ စီဘူနို တဂါလော့ ကမ္ဘောဒီးယား ထိုင်း အင်ဒိုနီးရှား ဆူဒန် ဗီယက်နမ် ဂျာဗားနီးယား လာအို အစ်ဘန် အိုမီယန် ကချင် လားဟူ Aceh Balinese Bugis Pampanga Sasak Shan Waray Madurese တောင်အာရှ ဟိန်ဒီ အိုဒီယာ အဝါဒီ မီဇို ကန်နာဒါ မလေးရာလ မာရသီ ဂူဂြာရ တမီးလျ တီလီဂု ပနျခြာပီ Kurukh အက်စမီဈ မသီလီ ဘင်္ဂါလီ အူရဒူ ဆငျဟာလ ဒေါ့ဂရီ ဟာရီယံဝီ မေတေး ကွန်ကနီ ဆန်တာလီ ဆင်ဒီ ကိုယာ သဒို သက္ကတ ဒေဝနဂရီ Adilabad Gondi Ahirani ဘာလိုချီ Bundeli Chhattisgarhi Garhwali Kangri Kumaoni Mewari Munda Sadri Seraiki Shekhawati Sylheti Bagri Bhilali Bodo Braj Tulu ဗဟိုအာရှ ခရူဂ ဥဇဘက် တာဂျစ်ကစ္စတန် တခ်မင် ကာဇက်စတန် ကာရာကယ်လ်ပက် အရှေ့အလယ်ပိုင်းဒေသ တူရကီ ဟီဘရူး တခ် ပါရှ ကဒျ Mazanderani ပါရှ်တို ကော့ပတစ် အာဖရိက အာဖရိက ဇိုစာဇိုစာ ဇူလူ Ndebele အဘိဓါန် အမ်ဟာရစ် Wolaytta နိုင်ဂျီးရီးယား မော့စီ အိုင်ကာ ဒိန်ကာ Kabyle Ewe ဆွာဟီလီ မော်ရိုကို ဆိုမာလီယာ ရှိုနာ ဒါဂတ်စကာ အစ်ဂဘို လင်ဂါလာ Baoule သိဿတီ Tsonga ဆွာနာ ဂမ်ဘီယာ ရိုရုဘာ ကမ်ဘာ ကင်ညာ ဟာဆာ ချီဝါ လူအို မာကူ Dyula ဖူလ်ဖူဒက် Kalenjin ကီကူယု ကီကွမ်ဂို ကီရွန်ဒီ Krio နိုင်ဂျီးရီးယား Pidgin အိုရိုမို Tshiluba ရှီဗင်ဒါ တွီ Umbundu လူဂ်ဘာရာ လူဂူရူ ပီလာ ဂူစီ Maasai တာကာနာ မိုဘာ နူအာ ရှီလု တာမက်စ် မာကွန်ဒီ Bemba Fon Hadiyya Ibibio Kimbundu Kimiiru Lango Liberian Kreyol Lomwe Mende Morisyen Ndau Nyankole Sena Sidamo Soga Songe Sukuma Tarifit Teso Tiv Zande Dagbani Edo Kituba သြစတြေးလျတိုက် နယူးဇီလန် ပါပူဝါနယူးဂီနီနိုင်ငံ ဘာသာစကားဟောင်းများ အာရမိတ် လက်တင် အက်စပရန် 1 1 1 Judson ၁၈၃၅ [1835] MSBU၂၀၂၁ [2021]Judson ၂၀၂၁ [2021]MCLZV ၂၀၂၀ [2020]Zawgyi ၂၀၂၀ [2020]MSBZ ၂၀၁၇ [2017]BCL ၂၀၁၅ [2015]Garrad ၁၉၂၈ [1928]Judson ၁၈၃၅ [1835]1 1 1 ဓမ္မရာဇဝင်ဒုတိယစောင် ကမ္ဘာဦးကျမ်းထွက်မြောက်ရာကျမ်းဝတ်ပြုရာကျမ်းတောလည်ရာကျမ်းတရားဟောရာကျမ်းယောရှုမှတ်စာတရားသူကြီးမှတ်စာရုသဝတ္တုဓမ္မရာဇဝင် ပဋ္ဌမစောင်ဓမ္မရာဇဝင်ဒုတိယစောင်ဓမ္မရာဇဝင်တတိယစောင်ဓမ္မရာဇဝင်စတုတ္ထစောင်ရာဇဝင်ချုပ်ပဌမစောင်ရာဇဝင်ချုပ်ဒုတိယစောင်ဧဇရမှတ်စာနေဟမိမှတ်စာဧသတာဝတ္ထုယောဘဝတ္တုဆာလံကျမ်းသုတ္တံကျမ်းဒေသနာကျမ်းရှောလမုန်သီချင်းဟေရှာယယေရမိယေရမိမြည်တမ်းစကားယေဇကျေလဒံယေလဟောရှေယောလအာမုတ်ဩဗဒိယောနကိုမိက္ခာနာဟုံဟဗက္ကုတ်ဇေဖနိဟဂ္ဂဲဇာခရိမာလခိ--- --- ---ရှင်မဿဲခရစ်ဝင်ရှင်မာကုခရစ်ဝင်ရှင်လုကာခရစ်ဝင်ရှင်ယောဟန်ခရစ်ဝင်တမန်တော်ဝထ္ထုရောမဩဝါဒစာ၁ ကောရိနသု၂ ကောရိနသုဂလာတိဩဝါဒစာဧဖက်ဩဝါဒစာဖိလိပ္ပိဩဝါဒစာကောလောသဲဩဝါဒစာ၁ သက်သာလောနိတ်၂ သက်သာလောနိတ်၁ တိမောသေ၂ တိမောသေတိတုဩဝါဒစာဖိလေမုန်ဩဝါဒစာဟေဗြဲဩဝါဒစာရှင်ယာကုပ်ဩဝါဒစာ၁ ရှင်ပေတရု၂ ရှင်ပေတရု၁ ရှင်ယောဟန်၂ ရှင်ယောဟန်၃ ရှင်ယောဟန်ရှင်ယုဒဩဝါဒစာဗျာဒိတ်ကျမ်း1 1 1 ၁၈ ၁၂၃၄၅၆၇၈၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄1 1 1 : ၁ ၁၂၃၄၅၆၇၈၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃1 1 1 မြန်မာသမ်မာကမျြး 1835 ဓမ္မရာဇဝင်ဒုတိယစောင် ၁၈ မှတ်စုများကိုသိမ်းဆည်းပါ ၁ [1]ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။၂ [2]လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။၃ [3]လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။၄ [4]ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။၅ [5]ရှင်ဘုရင်ကလည်း၊ ငါ့မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ၊ အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူ၏။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ၊ လူအပေါင်းတို့သည် ကြားကြ၏။၆ [6]ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက်၍ ဧဖရိမ်တော၌ စစ်ပြိုင်ကြ၏။၇ [7]ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ ရှေ့မှာ ရှုံး၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ၏။၈ [8]မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ်၍ သေသည်ထက် တော၌ ဆုံးရှုံးသော သူသာ၍ များကြ၏။၉ [9]ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ ခေါင်းသည်သပိတ်ပင်၌ ငြိသဖြင့်၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလို အလျောက် သွားလေ၏။၁၀ [10]မြင်သော သူတယောက်သည် ယွာဘထံသို့ သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင်၊၁၁ [11]ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော်၊၁၂ [12]ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ။၁၃ [13]ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ် အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက်၌ နေပါလိမ့် မည်ဟု ပြောဆိုသော်၊၁၄ [14]ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။၁၅ [15]လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။၁၆ [16]ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ၏။၁၇ [17]အဗရှလုံကိုလည်း ယူ၍ တော၌နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ၏။၁၈ [18]အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမ သည် မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ၍ တွင်သတည်း၊၁၉ [19]ထိုအခါ ဇာဒုတ်၏သား အဟိမတ်က၊ ထာဝရ ဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင်၊၂၀ [20]ယွာဘက၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက်ရမည်။ ရှင်ဘုရင်၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ၊၂၁ [21]ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအား ဦးညွှတ်၍ ပြေးလေ၏။၂၂ [22]တဖန် ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင်၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း၊၂၃ [23]ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။၂၄ [24]ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊၂၅ [25]ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊၂၆ [26]ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။၂၇ [27]ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။၂၈ [28]အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။၂၉ [29]ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊၃၀ [30]ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။၃၁ [31]တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊၃၂ [32]ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။၃၃ [33]ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။Burmese Bible 1835 Public Domain 1835 မြန်မာသမ်မာကမျြး 1835 ဓမ္မရာဇဝင်ဒုတိယစောင် ၁၈ 00:00:00 00:00:00 0.5x 2.0x https://beblia.bible:81/BibleAudio/burmese/2samuel/018.mp3 24 18