× ဘာသာစကား ဥရောပ ရုရှန် ဘီလာရု ယူကရိန်း အရောင်တင် ဆားဗီး ဘူဂေးရီးယား လိုဗက်ကီယား ခကျြခကျြ ရိုမေးနီးယား မော်လ်ဒိုဗာ အဇာဘိုင်ဂျန် နေီအနျ ဂျြောဂြီယနျ လျဘေးနီးယနျး Avar Bashkir Tatar ခြခေငျြး စလိုဗေးနီး ခရိုအရှေ တိုးနီးရနျး ဘီအံ အာနီယံ ဟနျဂရေီ ဖင်လန် နျော ဆွီဒင် လန် ဂရိ မက်ဆီဒိုးနီးယား ဂျာမန် ဘာဗာရီယန် ဒတျချြ ဒိန်းမတ် ဝလေဝလေ ဂေလစ် အိုင်းရစ်ရှ် ပြင်သစ် ဘစျက် ကက်တလန် အီတလီ ဂလာတိ Romani Bosnian Kabardian မြောက်အမေရိက အင်္ဂလိပ် တောင်အမေရိက စပိန် ပေါ်တူဂီ ဂူအာရာနီ ကွီချွမ် အေမရာ အမေရိကအလယ်ပိုင်း ဂျမေကာ Nahuatl ကီချီ Q'eqchi ဟာအီတီ အရှေ့အာရှ တရုတ် ဂျပန် ကိုရီးယား မွန်ဂို ဥဂါးရး မုံ Tibetian အရှေ့တောင်အာရှ မလေးရှား မြန်မာ ဟားခါးချင်း နီပေါ စီဘူနို တဂါလော့ ကမ္ဘောဒီးယား ထိုင်း အင်ဒိုနီးရှား ဆူဒန် ဗီယက်နမ် ဂျာဗားနီးယား လာအို အစ်ဘန် အိုမီယန် ကချင် လားဟူ Aceh Balinese Bugis Pampanga Sasak Shan Waray တောင်အာရှ ဟိန်ဒီ အိုဒီယာ အဝါဒီ မီဇို ကန်နာဒါ မလေးရာလ မာရသီ ဂူဂြာရ တမီးလျ တီလီဂု ပနျခြာပီ Kurukh အက်စမီဈ မသီလီ ဘင်္ဂါလီ အူရဒူ ဆငျဟာလ ဒေါ့ဂရီ ဟာရီယံဝီ မေတေး ကွန်ကနီ ဆန်တာလီ ဆင်ဒီ ကိုယာ သဒို သက္ကတ ဒေဝနဂရီ Adilabad Gondi Ahirani ဘာလိုချီ Bundeli Chhattisgarhi Garhwali Kangri Kumaoni Mewari Munda Sadri Seraiki Shekhawati Sylheti Bagri Bhilali Bodo Braj Tulu ဗဟိုအာရှ ခရူဂ ဥဇဘက် တာဂျစ်ကစ္စတန် တခ်မင် ကာဇက်စတန် ကာရာကယ်လ်ပက် အရှေ့အလယ်ပိုင်းဒေသ တူရကီ ဟီဘရူး တခ် ပါရှ ကဒျ Mazanderani ပါရှ်တို ကော့ပတစ် အာဖရိက အာဖရိက ဇိုစာဇိုစာ ဇူလူ Ndebele အဘိဓါန် အမ်ဟာရစ် Wolaytta နိုင်ဂျီးရီးယား မော့စီ အိုင်ကာ ဒိန်ကာ Kabyle Ewe ဆွာဟီလီ မော်ရိုကို ဆိုမာလီယာ ရှိုနာ ဒါဂတ်စကာ အစ်ဂဘို လင်ဂါလာ Baoule သိဿတီ Tsonga ဆွာနာ ဂမ်ဘီယာ ရိုရုဘာ ကမ်ဘာ ကင်ညာ ဟာဆာ ချီဝါ လူအို မာကူ Dyula ဖူလ်ဖူဒက် Kalenjin ကီကူယု ကီကွမ်ဂို ကီရွန်ဒီ Krio နိုင်ဂျီးရီးယား Pidgin အိုရိုမို Tshiluba ရှီဗင်ဒါ တွီ Umbundu လူဂ်ဘာရာ လူဂူရူ ပီလာ ဂူစီ Maasai တာကာနာ မိုဘာ နူအာ ရှီလု တာမက်စ် မာကွန်ဒီ Bemba Fon Hadiyya Ibibio Kimbundu Kimiiru Lango Liberian Kreyol Lomwe Mende Morisyen Ndau Nyankole Sena Sidamo Soga Songe Sukuma Tarifit Teso Tiv Zande Dagbani Edo Kituba သြစတြေးလျတိုက် နယူးဇီလန် ပါပူဝါနယူးဂီနီနိုင်ငံ ဘာသာစကားဟောင်းများ အာရမိတ် လက်တင် အက်စပရန် 1 1 1 Judson ၁၈၃၅ [1835] MSBU၂၀၂၁ [2021]Judson ၂၀၂၁ [2021]MCLZV ၂၀၂၀ [2020]Zawgyi ၂၀၂၀ [2020]MSBZ ၂၀၁၇ [2017]BCL ၂၀၁၅ [2015]Garrad ၁၉၂၈ [1928]Judson ၁၈၃၅ [1835]1 1 1 ၁ ရှင်ပေတရု ကမ္ဘာဦးကျမ်းထွက်မြောက်ရာကျမ်းဝတ်ပြုရာကျမ်းတောလည်ရာကျမ်းတရားဟောရာကျမ်းယောရှုမှတ်စာတရားသူကြီးမှတ်စာရုသဝတ္တုဓမ္မရာဇဝင် ပဋ္ဌမစောင်ဓမ္မရာဇဝင်ဒုတိယစောင်ဓမ္မရာဇဝင်တတိယစောင်ဓမ္မရာဇဝင်စတုတ္ထစောင်ရာဇဝင်ချုပ်ပဌမစောင်ရာဇဝင်ချုပ်ဒုတိယစောင်ဧဇရမှတ်စာနေဟမိမှတ်စာဧသတာဝတ္ထုယောဘဝတ္တုဆာလံကျမ်းသုတ္တံကျမ်းဒေသနာကျမ်းရှောလမုန်သီချင်းဟေရှာယယေရမိယေရမိမြည်တမ်းစကားယေဇကျေလဒံယေလဟောရှေယောလအာမုတ်ဩဗဒိယောနကိုမိက္ခာနာဟုံဟဗက္ကုတ်ဇေဖနိဟဂ္ဂဲဇာခရိမာလခိ--- --- ---ရှင်မဿဲခရစ်ဝင်ရှင်မာကုခရစ်ဝင်ရှင်လုကာခရစ်ဝင်ရှင်ယောဟန်ခရစ်ဝင်တမန်တော်ဝထ္ထုရောမဩဝါဒစာ၁ ကောရိနသု၂ ကောရိနသုဂလာတိဩဝါဒစာဧဖက်ဩဝါဒစာဖိလိပ္ပိဩဝါဒစာကောလောသဲဩဝါဒစာ၁ သက်သာလောနိတ်၂ သက်သာလောနိတ်၁ တိမောသေ၂ တိမောသေတိတုဩဝါဒစာဖိလေမုန်ဩဝါဒစာဟေဗြဲဩဝါဒစာရှင်ယာကုပ်ဩဝါဒစာ၁ ရှင်ပေတရု၂ ရှင်ပေတရု၁ ရှင်ယောဟန်၂ ရှင်ယောဟန်၃ ရှင်ယောဟန်ရှင်ယုဒဩဝါဒစာဗျာဒိတ်ကျမ်း1 1 1 ၁ ၁၂၃၄၅1 1 1 : ၁ ၁၂၃၄၅၆၇၈၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅1 1 1 မြန်မာသမ်မာကမျြး 1835 ၁ ရှင်ပေတရု ၁ မှတ်စုများကိုသိမ်းဆည်းပါ ၁ [1]ယေရှုခရစ်၏ တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော၊၂ [2]ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။၃ [3]အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။၄ [4]ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊၅ [5]ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။၆ [6]အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊၇ [7]သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။၈ [8]ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမမြင်ဘဲလျက်၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊၉ [9]စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကိုခံရကြ၏။၁၀ [10]ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။၁၁ [11]ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။၁၂ [12]ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့အဘို့ဖြစ်သည်ဟု ထိုသူတို့ အားဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသောသန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။၁၃ [13]သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။၁၄ [14]အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊၁၅ [15]သင်တို့ကိုခေါ်တော်မူသော သူသည်သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။၁၆ [16]အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။၁၇ [17]လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။၁၈ [18]မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။၁၉ [19]အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။၂၀ [20]ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အား ဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။၂၁ [21]သင်တို့သည် ဘုရားသခင်ကို ထောက်လျက်ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။၂၂ [22]သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊၂၃ [23]မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကိုများကိုချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။၂၄ [24]လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။၂၅ [25]ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည်၊သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။Burmese Bible 1835 Public Domain 1835 မြန်မာသမ်မာကမျြး 1835 ၁ ရှင်ပေတရု ၁ 00:00:00 00:00:00 0.5x 2.0x https://beblia.bible:81/BibleAudio/burmese/1peter/001.mp3 5 1