နှိုင်းယှဉ်ကြည့်ပါ
ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်​တက်​၍ ပင်လယ်​ကို​ကူး​ပြီးလျှင် မိမိ​နေရပ်​မြို့​သို့​ကြွ​တော်မူ​၏။
ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား “ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ” ​ဟု မိန့်​တော်မူ​၏။
ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သည်”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။
Burmese Bible MSBU
MYANMAR STANDARD BIBLE 2012, 2014, 2017, 2021 by Global Bible Initiative
ထို​အ​ခါ ကိုယ်​တော်​သည် လှေ​စီး၍ ကူး​ပြန်​သ​ဖြင့်၊ မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။-
လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-
ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။-
Burmese Bible 2021
Judson Bible Revision Bible Society of Myanmar, 2021
Burmese Bible MCLZV
Myanmar Common Language Bible Zawgyi Version Bible Society of Myanmar, 2020
Burmese Bible JBZV
Judson Bible Myanmar Language Edition Zawgyi Version Bible Society of Myanmar, 2020
Burmese Bible (MSBZ) 2017
2014, 2017 Global Bible Initiative
သ​ခင်​ယေ​ရှု​သည်​လှေ​ကို​စီး​၍​အိုင်​တစ်​ဖက်​သို့ ကူး​ပြီး​လျှင်​မိ​မိ​နေ​ရင်း​မြို့​သို့​ကြွ​တော်​မူ​၏။-
ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
Burmese Bible 2005 Common Language Bible (BCL)
2005 Bible Society of Myanmar
ကိုယ် တော် သည် လှေ ပေါ် သို့ တက် ပြန် လျက် ကူး သွား သ ဖြင့် နေ ရင်း မြို့ သို့ ရောက် တော် မူ သော အ ခါ သွက် ချာ ပါ ဒ ရောက် သူ့ ကို
ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊
ကျမ်း တတ် ဆ ရာ အ ချို့ က ဤ သူ သည် ပုတ် ခတ် မှု ပြု ပြီ ဟု အောက် မေ့ ကြ၏။
Burmese Bible 1928
Garrad Holy Bible Bible Society of Myanmar, 1928
ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။
လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏။
ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။
Burmese Bible 1835
Public Domain 1835